အတွဲ(၁၅)အမှတ်(၁၇)
မျှစ်ဟာ ဝါးပင်များ အစို့အညှောက်ထွက်လာရာမှ ရရှိ တဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ မျှစ်ဟာ အာရှနိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ အလွန် ထင်ရှား ကျော်ကြားလူကြိုက်များကြပါတယ်။တရုတ်နိုင်ငံ ရာဇဝင်အရ (Tang Dynasty) တန်မင်းဆက်ခေတ်ကစပြီး မျှစ်ကို စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။
မျှစ်ရဲ့ သွင်ပြင်လက္ခဏာတွေကတော့ အဝါဖျော့ရောင် အသား၊ အနည်းငယ်မွှေးပျံ့သော ရနံ့နဲ့ ကျွတ်ဆတ်ခြင်းတို့ ဖြစ်ပါတယ်။ မျှစ်ကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချပေးနိုင်ခြင်း၊ ပိုတက်စီယမ်ဓာတ်မြင့်တက်စေခြင်းတို့ ဖြစ်စေပါတယ်။ မျှစ်မှာ အမျှင်ဓာတ်ကြွယ်ဝခြင်း၊Phytoche-micals နဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရများ ကြွယ်ဝပါတယ်။
မျှစ်မှာ အမျှင်ဓါတ်ကြွယ်၀ သော်လည်း ကယ်လိုရီပါဝင်မှုလွန်စွာနည်းပါးပါတယ်။မျှစ်တစ်ပန်းကန်စားသုံး လျှင် ကယ်လိုရီ ၁၃ ဂရမ်နဲ့ အဆီ ဂရမ်ဝက်ခန့် ရရှိစေနိုင်ပါ တယ်။ မျှစ်မှာ သကြားဓါတ်ပါဝင်မှု နိမ့်ကျသော်လည်း ပရို တင်းပါဝင်မှုမြင့်မားပါတယ်။ မကြာခဏ အစာစားတတ်သူ၊ အစားကြီးသူများအတွက် မျှစ်ဟာအလွန် သင့်လျော်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ မျှစ်ကိုစားသုံးခြင်းဖြင့် အာဟာရဓါတ်များ ပြည့်ဝစေတဲ့အတွက် တစ်ရက်တာမှာ လိုအပ်တဲ့ အာဟာရဓါတ်ရရှိရန် အကြိမ်ကြိမ်လိုအပ်တဲ့ အစာ စားပေးရန် မလိုအပ်တော့ပေ။
မျှစ်ကို နေ့စဉ် ပုံမှန်စားသုံးခြင်းဖြင့် နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်ထိကို ရရှိစေပါတယ်။အမျှင် ဓာတ်ဟာ နှလုံးကိုအားကောင်းစေသလို အူမကြီးကိုလည်း သန့်ရှင်းစေပါတယ်။
မျှစ်မှာ ပိုတက်စီယမ်ဓါတ်ပါဝင်မှု<ကယ်ဝသဖြင့် သွေး လှည့်ပတ်မှုကို ကောင်းမွန်စေသလို နှလုံးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။သွေးလှည့်ပတ်မှုကို ချောမွေ့စေသလို ခန္ဓာကိုယ်အင်္ဂါအစိတ် အပိုင်းများသို့ အောက်ဆီဂျင်ကို ဖြန့်ဝေမှုကို ပိုမိုစေနိုင်ပါ တယ်။
မျှစ်တွင်မရှိမဖြစ်သော ဗိုက်တာမင်A,B,C,E နဲ့ အာဟာရဓာတ်များစွာပါရှိပါတယ်။ ထိုဗိုက်တာမင်များမှာ thiamin, riboflavin, niacin, folate နဲ့ pantothenic စတဲ့အက်စစ်များစွာ ပါဝင်လျက်ရှိပါတယ်။ ထို့အပြင် သတ္ထု ဓာတ်များဖြစ်တဲ့ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောစဖော့ရပ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ် ၊ ဇင့်၊ ကော့ပါး ၊ မဂ္ဂနီးစ်၊ စီလီနီယမ်နဲ့ သံဓါတ်များလည်းပါရှိရာ ခန္ဓာကိုယ်ကျန်းမာစေနိုင်တဲ့အပြင် ကယ်လိုရီနဲ့ အဆီဓါတ်များကို လျှော့ချပေးစေနိုင်စွမ်းရှိပါ တယ်။
မျှစ်ကို ချက်ပြုတ်တော့မယ်ဆိုရင် ညလုံးပေါက် ရေစိမ် ထားပြီးနောက် မိနစ် ၂၀ ခန့်အနည်းဆုံးပြုတ်ပေးရပါမယ်။ ဒါမှ မျှစ်ရဲ့ အခါးအရသာများကို ဖယ်ရှားပေးရာ ရောက်ပါ တယ်။ တစ်ခါပြုတ်ပြီးလျှင်တော့ မျှစ်ကို ချက်စားရန် အသင့် ဖြစ်ပြီဖြစ်ပါတယ်။ မျှစ်အမျိုးမျိုးရှိတဲ့အနက် ဝါးပိုးမျှစ်ဟာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
(သို့သော် အဆိုပါမျှစ်ဟာ သဘာဝအတိုင်းရရှိတဲ့ မျှစ် ဖြစ်ဖို့ လိုအပ်ပါတယ်။ အချဉ်စိမ်ထားသော မျှစ်ချဉ်၊ ဆေးဆိုး ထားသော မျှစ်(အဝါ/အနီ) စသည်တို့မဖြစ်ရပေ။)
ဂန္ဓမာ