Main menu

Background

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ (၆၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ပြပွဲ ကျင်းပပြုလုပ်

Wed, 02/18/2015 - 20:59 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

          ဖေဖော်ဝါရီ  ၇ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့သော ဓ (၆၈) နှစ်မြောက် ရှမ်း ပြည်နယ်နေ့ဓ အခမ်း အနားကို ရှမ်း ပြည်နယ်၊ တောင်ကြီးမြို့ အဝေရာကုန်း သာယာကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားကို   ရှမ်းပြည် နယ်ဝန်ကြီးချုပ်၊   ရှမ်းပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ၊   ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  ဌာန ဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ ယဉ် ကျေးမှုအဖွဲ့များ၊ ြွဥ အဖွဲ့များ၊ ကျောင်းသူကျောင်းသားများနှင့် ပြည် သူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတော်  သမ္မတဦးသိန်းစိန်ထံမှ ပေးပို့သောသဝဏ် လွှာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  သူရ ဦးရွှေမန်းမှ ပေးပို့သောသဝဏ်လွှာအား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လည်း ကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှပေးပို့သော သဝဏ်လွှာ အား ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ကလည်းကောင်း ဖတ်ကြားတင်ပြခဲ့ပါ သည်။
       အခမ်းအနားတွင် ဓမ္မစကူးလ် ပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ပြခန်း၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြခန်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြခန်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေးနှင့်  ဆည်မြောင်းဝန်ကြီး ဌာနပြခန်း၊ လျှပ်စစ်နှင့် ဓာတ်အားဖြန့် ဖြူးရေးဝန်ကြီးဌာနပြခန်း၊ ရှမ်းပြည် နယ်  စည်ပင်သာယာရေးအဖွဲ့ပြခန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ ရှမ်းပြည်နယ်မီးသတ် တပ်ဖွဲ့ပြခန်း၊ သစ်တောရေးရာဝန်ကြီး ဌာနမှဦးစီး၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြခန်း၊ သစ်တောဦးစီး ဌာနပြခန်းနှင့်  မြန်မာ့သစ်လုပ်ငန်း ပြခန်း၊ ကုန်းလမ်းပို့ဆောင်ရးဝန်ကြီးဌာန ပြခန်း၊ ပညာရေးဝန်ကြီးဌာန ပြခန်း၊ စက်မှုလက်မှုဝန်ကြီးဌာန  ပြခန်းများ ဖွင့်လှစ်ပြသခဲ့ပြီး အဆိုပါကွင်း၌ မုန့် စားပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ အစရှိ သည့်   အားကစားပြိုင်ပွဲများလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုပြခန်းများအား ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်လံကြည့်ရှုခဲ့
ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် ပတ်သက်သော ကုန်သွယ်မှုအခြေအနေ၊ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်း များကို စားသုံးသူရေးရာဦးစီးဌာ   ပြည်နယ် ဦးစီးမှူး ဦးစိုးအောင်က လှည့်လည်ကြည့်  ရှုသူများ၏ မေးမြန်းမှုများမှ  သိလိုသော အကြောင်းအရာ အချက်အလက်များ ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။   စိုးအောင် (ရှမ်းပြည်နယ်)