Main menu

Background

ဒုတိယအကြိမ် ကျေးလက်ဒေသ အသေးစားထုတ်ကုန်များ ကုန်စည်ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်

Wed, 03/11/2015 - 21:17 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   ကျေးလက် ဒေသ အသေးစား  ကုန်ထုတ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုး တက်ရေးနှင့်  ပြည်ပပို့ကုန်အလားအလာရှိတဲ့ထုတ် ကုန်များ  ကုန်စည်ပြပွဲနှင့်   အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီရဲ့ ကြီးကြပ်ဆောင်ရွက်မှုနဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ဒုတိယအကြိမ်ကျင်းပခဲ့ရာ   တိုင်းဒေသကြီးအစိုးရအဖွဲ့   ဝန်ကြီးချုပ်  ဦးရဲမြင့်က ပြပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး ကုန်စည်ပြပွဲအတွင်း ခင်းကျင်း ပြသမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်တွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်  တက်ရောက်ပြီး ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများအစုအဖွဲ့များနဲ့ တွေ့ဆုံကာ ရောင်းဝယ်မှု အခြေအနေများနဲ့ ကုန်သွယ်မှုအခက် အခဲများ၊ ဖြေလျော့ပေးခဲ့မှုအခြေအနေများအား ဆွေး နွေးခဲ့ပြီး၊ ကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသရောင်း ချမှုများကို ကြည့်ရှုအားပေးခဲ့ပါတယ်။
အဆိုပါ  ကုန်စည်ပြပွဲနှင့်  အလုပ်ရုံဆွေးနွေးပွဲ အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏  ကြီး ကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနမှ  ကြီးမှူး၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါ တယ်။
ကုန်စည်ပြပွဲမှာ  မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ အသေးစားထုတ်ကုန်များနဲ့ ပြည်ပ တင်ပို့ရန် အလားအလာရှိတဲ့ထုတ်ကုန်များ ခင်းကျင်း ပြသခြင်းနဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ  ဖိတ်ကြားထားတဲ့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊  လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ကုန်သွယ်မှုအခက်အခဲများ ဆွေးနွေးခြင်း၊ ဒုတိယရက်ဖြစ်တဲ့ ၂၇ ရက်မှာ အသေးစားနဲ့ အလတ် စားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး (ှနြ ီနလနူသစာနညအ) အလုပ်ရုံဆွေးနွေးပွဲ  ခေါင်းစဉ်ဖြင့်  ဆွေးနွေးခြင်း၊ တတိယရက်ဖြစ်တဲ့ ၂၆ ရက်မှာ ပြည်ပပို့ကုန် အလား အလာရှိတဲ့ကုန်စည်များ ဖွံ့ဖြိုးတိုးတက်ရေး    အလုပ်ရုံ ဆွေးနွေးပွဲများအား အပြန်အလှန်  ညှိနှိုင်းဆွေးနွေး ခြင်း ဆက်လက်တင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါတယ်။
ယခုကျင်းပတဲ့ ကုန်စည်ပြပွဲမှာ မန္တလေးဒေသ ထွက် မြေသောက်ရေအိုး၊ မီးသွေး၊ မီးဖို၊ အိုးပုတ်မျိုးစုံ၊ တောင်း၊ ဆန်ကော၊ ဆန်ကာ၊ မြက်ဖျာ၊ သင်ဖြူးဖျာ၊ သပေါ့ဖျာ၊  ထန်းကုလားထိုင်၊ ထန်းခြင်းတောင်း၊ တံမြက်စည်း၊  ဂျုံရိုးဦးထုပ်၊  ထန်းလျက်၊  ဝါးအခြေခံ လက်မှုအလှဆင် ပစ္စည်းများဖြစ်တဲ့ မီးဆောင်း၊ စက္ကူ ထည့်ခွက်၊ ဖုန်းတင်စင်၊ ဓာတ်ပုံထည့်သည့် ကပ်များ၊ ဘောလ်ပင်ထည့်သည့်ဘူးများ၊ ယွန်းထည်ပစ္စည်းများ၊ လက်ရက်ကန်းထည်များ၊   စက်ရက်ကန်းထည်များ၊ ဆောင်းဒါးလုံချည်များ၊ မဝတ်၊ ကျားဝတ်အထည်များ၊ ကျောက်မျက်ရတနာများ၊ ရိုးရာငွေခြည်လက်မှုပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးနဲ့ သနပ် ခါး အလှကုန်ပစ္စည်းများ၊ ရေချိုးခန်းသုံးပစ္စည်းများ၊ စားသောက်ကုန်များ၊ လက်ဖက်၊ ဘီစကစ်၊ ယိုမျိုးစုံနဲ့ ဝိုင်များ၊ ဆန်ဖြင့်ပြုလုပ်တဲ့   စားကုန်များ၊ ဆန်များ၊ ပဲအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အင်ဂျင်ဝိုင်များ၊ ရိုးရာချင်းလုံချည်နဲ့ ပိုးတွဲချိတ်ထည်များ၊ စကျင်ကျောက် အလှဆင်ပစ္စည်းများ၊ တာယာပစ္စည်းများနဲ့ မော်တော် ကား အရောင်းပြခန်းများစသဖြင့် ပြခန်း ၁၀၅ ခန်း ခင်းကျင်းပြသ  ရောင်းချခဲ့ရာ ရောင်းချမှုပမာဏ ကျပ် ၂၁၉ သိန်းကျော်ရရှိခဲ့ကြောင်း သိရှိရပါတယ်။
ယဉ်ယဉ်ရွှေ-မန္တလေး