Main menu

Background

အမျိုးသားပို့ကုန်မဟာဗျူဟာ(National Export Strategy-NES)အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စတင်သည့် အခမ်းအနားကျင်းပမည်

Mon, 03/23/2015 - 19:54 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့ဈေးကွက် တွင်ယှဉ်ပြိုင်နိုင်မှု မြင့်မားလာရေး အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ ဒီဇိုင်း ရေးဆွဲခြင်းကို သက်ဆိုင်ရာအစိုးရ ဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ပညာရှင်များပါဝင်၍ နိုင်ငံတကာကုန် သွယ်မှုဗဟိုဌာနITC ၏ နည်းပညာ အကူအညီရယူကာ ဂျာမနီနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (GIZ) ၏ အထောက်အပံ့ဖြင့် ရေးဆွဲခဲ့ပါသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာကို (၁) အကြိုညှိနှိုင်းဆွေးနွေးခြင်းအဆင့်၊ (၂) အသေးစိတ်ညှိနှိုင်းခြင်းအဆင့်၊ (၃)မဟာဗျူဟာဒီဇိုင်းရေးဆွဲခြင်း အဆင့်၊ (၄)အကောင်အထည်ဖော် ခြင်းအဆင့် ဟူ၍ အဆင့်လေးဆင့်ခွဲ၍ အလုပ်ရုံ ဆွေးနွေးပွဲ သုံးကြိမ်ကျင်းပ ဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။
မဟာဗျူဟာဒီဇိုင်းရေးဆွဲခြင်း အဆင့်ရလဒ်များဖြစ်သည့် ဦးစားပေး ဆောင်ရွက်မည့် ကုန်စည်ငါးမျိုး၊ ဝန်ဆောင်မှုလုပ်ငန်းတစ်မျိုး၊ အလား အလာရှိသည့် ကုန်စည်တစ်မျိုးနှင့်  ပို့ကုန် မြှင့်တင်ရေး အထောက်အကူပြုရန် လိုအပ်မည့် အရေးအကြီးဆုံး ဝန်ဆောင်မှု ကဏ္ဍလေးမျိုးကို ရွေးချယ်ခြင်း၊ မျှော်မှန်း ချက် ၊ မဟာဗျူဟာဦး တည်ချက် ၊ လက် တွေ့ အကောင်အထည်ဖော်မည့် ဦးတည်ချက်များနှင့် အသေးစိတ် လုပ်ငန်းစီမံချက်များကို ရေးဆွဲချမှတ် နိုင်ခဲ့ပါသည်။
ယခုအခါ အမျိုးသားပို့ကုန် မဟာဗျူဟာအကောင်အထည် ဖော် ခြင်းအဆင့် စတင်သည့် အခမ်းအနား ကို  မတ်လ ၂၅ ရက်နေ့ တွင် နေပြည်တော်၊MICC- II ၌ ကျင်းပမည် ဖြစ်ပါသည်။ အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းကာလ ကို ၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉-၂၀၂၀အထိ ငါး နှစ်တာကာလအတွင်း ဆောင်ရွက်ရန် ရွေးချယ်ထားသည့် ကဏ္ဍအသီးသီးတို့၏ အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်တစ်လျှောက် ကြီးကြပ်လမ်းညွှန်မှုပေးခြင်းနှင့် စောင့် ကြည့် အကဲဖြတ်ခြင်းများကို မြန်မာ့ ကုန်သွယ် မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ က ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အမျိုးသား ပို့ကုန်မဟာဗျူဟာ သည် နိုင်ငံတော်ဖွံ့ဖြိုးရေးကိုဆောင် ကြဉ်းပေးရန်အတွက်အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအကြားကျယ်ကျယ် ပြန့် ပြန့်ဆွေးနွေးဆောင်ရွက်ခဲ့ခြင်း ကြောင့် ထွက်ပေါ်လာသည့် ရလဒ်ကောင်းများ ဖြစ်ပြီး စီးပွားရေးပတ်ဝန်း ကျင်တွင် တွေ့ကြုံနေရသည့် အဟန့်အတား များကို ဖြေရှင်းပေးနိုင်မည့် အပြင် အမျိုးအမည်စုံလင်သည့်ပို့ကုန် ပစ္စည်း များ၏ အရည်အသွေးများ ဖွံ့ဖြိုး တိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမြင့်မားလာမည်ဖြစ် ပါသည်။
သို့ဖြစ်ပါ၍ အမျိုးသား ပို့ကုန် မဟာဗျူဟာတွင် ဦးစားပေးရွေးချယ် ထားသည့် ကဏ္ဍများသည် ပြည်သူ အများစု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုး တက်ရေးကို အကျိုးသက်ရောက်နိုင် ဆုံးဖြစ်သည့် ပို့ကုန်ကဏ္ဍများကို ဦးစား ပေးရွေးချယ်ထားခြင်းဖြစ်ပါသည်။ ယင်းသို့ အမျိုးသားပို့ကုန် မဟာဗျူဟာ ကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်၏ အဓိကရည်မှန်းချက်များ ဖြစ်သော ဆင်းရဲမှုလျှော့ချရေး၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်
အခြေခံဝင်ငွေတိုးမြှင့်ရရှိရေးတို့ကို ထိရောက်စွာ အထောက်အကူပြုမည် ဖြစ်ပြီး နိုင်ငံတော်၏ မျှော်မှန်းချက်နှင့် အညီ ထွန်းသစ်စမြန်မာနိုင်ငံအတွက် ပို့ကုန်ဦးဆောင်သော စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကြွယ်ဝမှုဆီသို့ အောင် မြင်စွာ တက်လှမ်း နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါ သည်။
မြတ်မြတ်စိုးမိုး (DOTP)