Main menu

Background

လာအို-မြန်မာချစ်ကြည်ရေးတံတား မေလအတွင်း ဖွင့်လှစ်တော့မည်

Fri, 02/20/2015 - 16:03 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

               မဲခေါင်မြစ်ကို ဖြတ်သန်းပြီး လာအို နိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ ရှမ်းပြည် နယ်တို့ကိုဆက်သွယ်ထားတဲ့ လာအို-မြန်မာချစ်ကြည်ရေးတံတားကို မေလ အတွင်းမှာ တရားဝင်ဖွင့်လှစ် တော့မယ် လို့ လာအိုနိုင်ငံထုတ်Vientiane Times  သတင်းမှာ ဖော်ပြထားပါတယ်။ မူလက လျာထားတာတော့ သြဂုတ်လမှာ ဖွင့်ဖို့ ဖြစ်ပေမယ့် ယခုစောပြီးစီးတဲ့အတွက် မေလမှာ ဖွင့်နိုင်တာလို့ သိရပါတယ်။၂၀၁၃ ခုနှစ် အစောပိုင်းက တံတားဆောက်လုပ်ရေး ကျန်ကျစရိတ် ငွေ ကန်ဒေါ်လာ ၂၆ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး မတ်လမှာ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီး မယ်လို့  စီမံကိန်းမန်နေဂျာ  Xay Songkham Manotham  က Vientiane Times   ကို ပြောကြားခဲ့ပါတယ်။တည်ဆောက်ရေး စီမံကိန်းအချော သတ်ရေးနဲ့ တရားဝင်တံတားဖွင့်ပွဲ အခမ်းအနား  ကျင်းပရေးကိစ္စကို ဖေဖော်ဝါရီလ ပထမပတ်အတွင်းက ပြုလုပ်တဲ့ ဝန်ကြီးဌာနအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။လာအိုပြည်သူ့ဆောက် လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ီDr.Bounchanh Sinthavong နဲ့ မြန်မာဖက်မှ ကိုယ်စားလှယ်တို့ ပါဝင် တဲ့ နှစ်နိုင်ငံကိုယ်စားလှယ်များ ပါဝင် သောအဖွဲ့ဟာ လာအိုနိုင်ငံမြောက်ပိုင်း Luang Namtha ပြည်နယ် Long  ခရိုင်မှာ တွေ့ဆုံပြီး တံတားဖွင့်လှစ်မယ့်ရက် ကိုလည်း  သက်မှတ်ကြမှာဖြစ်ပြီး အတည်ပြုပြီးပါက တရားဝင်ကြေညာ သွားမယ်လို့ H.E Xay Songkham က ပြောပါတယ်။ တွေ့ဆုံပွဲမှာ လုပ်ငန်းများ အချောသတ်ရန်နဲ့ နှစ်နိုင်ငံလူဝင်မှု ကြီးကြပ်ရေး၊ အကောက်ခွန်၊ နိုင်ငံခြား ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်ပြီး တံတားဖွင့်ပွဲစတင်တာနဲ့ နှစ်နိုင်ငံဖြတ်သန်းသွားလာနိုင်ပြီး ပြည်သူ့ အတွက် ဝန်ဆောင်မှုများ စတင်နိုင်ရေး ထည့်သွင်းဆွေးနွေးကြတယ်လို့ သိရပါ တယ်။ နှစ်နိုင်ငံဝန်ကြီးများရဲ့ ဆက်စပ် ဌာနများမှ အရာရှိများဟာ တံတားကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး နှစ်နိုင်ငံနယ်စပ်^ဝင်ထွက်မှုကွပ်ကဲနိုင်ရေး နဲ့ ချဉ်းကပ်လမ်းများကိုပါ စစ်ဆေးခဲ့ ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။
လာအို-မြန်မာ ချစ်ကြည်ရေး  တံတားဟာ မြန်မာနိုင်ငံရှမ်းပြည်နယ်တာချီလိတ်နဲ့ လာအိုနိုင်ငံ Luang Namtha ပြည်နယ်တို့ကို မဲခေါင်မြစ် အား ဖြတ်သန်းပြီး နှစ်နိုင်ငံအစိုးရရဲ့ ထည့်ဝင်ငွေများနဲ့ တည်ဆောက်ထား တာ ဖြစ်ပါတယ်။ တံတားမှာနှစ်လမ်း သွား ယာဉ်လမ်းကြောင်းပါရှိပါတယ်။ တံတားခံနိုင်ဝန်အားမှာ အများဆုံး   ၇၅ တန်ဖြစ်ပြီး ငလျင်ပြင်းအား ၇ ဒသမ သုည ရစ်ချ်တာစကေးထိ ခံနိုင်ရည်ရှိ တယ်လို့ သိရပါ တယ်။  တံတားအရှည် ၆၉၁ ဒသမ ၆ မီတာရှည်ပြီး တံတား အကျယ်မှာ ၁၀ ဒသမ ၉ မီတာရှိပါ တယ်။ ချစ်ကြည်ရေးတံတားဖွင့်လှစ် ခြင်းအားဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို သိသိသာသာ မြင့်တက်စေနိုင်မှာဖြစ်တဲ့ အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာ့လှည့်ခရီး သွား လုပ်ငန်းများပါ ဖွ့ံ့ဖြိုးတိုးတက်စေ နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လောလောဆယ်မှာ အိမ်နီးချင်းနှစ်     နိုင်ငံအကြား ကုန်သွယ်မှုဟာ အခြား  အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်လျှင် အလွန်လျော့နည်း လျက်ရှိပါတယ်။ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုလွယ်ကူစေတော့မှာ ဖြစ်တဲ့အတွက် စီးပွားရေးဖွံ့ဖြိုး တိုး တက်ရေးအတွက်လည်း အထောက်  အကူ ပြုစေတော့မှာ ဖြစ်ပါတယ်။
မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည် ရေးတံတားအပြင် လာအိုနိုင်ငံဟာ မဲခေါင်မြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံနဲ့ တံတား လေးစင်းဆက်သွယ်ထားတာဖြစ်ပါ တယ်။ နှစ်နိုင်ငံချစ်ကြည်ရေးတံတား များ သွယ်တန်းဆောက်လုပ်ထားခြင်း အားဖြင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ် မှုနဲ့ ခရီးသွားလုပ်ငန်းများ သိသိသာသာ တိုးတက်လာစေတော့မှာဖြစ်ပါတယ်။
တိမ်ကင်းစင်