Main menu

Background

MAPCO မှ ကျိုက်လတ်မြို့တွင် ဆန်စက်များ တည်ဆောက်မည်

Tue, 02/24/2015 - 20:39 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

  မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းလီမီတက်MAPCO ၏လုပ်ငန်းခွဲတစ်ခုဖြစ်သည့်   MAPCO Golden Lace Co., Ltd.. အနေ ဖြင့် ကျိုက်လတ်မြို့တွင် ဆန်စက်များ တည်ဆောက်မည်ဖြစ်ကြောင်း MAPCO ၏လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်များအရ သိရသည်။
အဆိုပါ   MAPCO  Golden Lace Co., Ltd. သည် စိုက်ပျိုးသူ၊ ကြိတ်ခွဲသူ၊ ရောင်းချသူအားလုံးအတွက် တွက်ခြေကိုက်သည့် တန် ၂၅၀ကျဆန် စက်၊ တန်၂၀၀ပေါင်းဆန်စက်၊ ပေါင်းခံ စက်ဘွိုင်လာ၊၂၂၀၀ ကီလိုမဂ္ဂါဝပ်ရှိ သည့် ဓာတ်အားပေးစက်ရုံများကိုတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါစီမံကိန်းသည်   မြန်မာ့ လယ်ယာ  စီးပွားရေးကဏ္ဍများတွင် သာမက အစုရှယ်ယာရှင်များအတွက် ကိုပါ အကျိုးအမြတ်ရရှိနိုင်သည့်စီမံကိန်း အမျိုးအစားများဖြစ်ကြောင်း   သိရ သည်။
ထို့ပြင် စိုက်ပျိုးသည့်  တောင်သူ များနှင့်   ကြိတ်ခွဲရောင်းချသူများပါ အဆင်ပြေစေမည့် စီမံကိန်းဖြစ်ကြောင်း  သိရသည်။
''အခုလိုMAPCO ရဲ့MAPCO Golden Lace Co., Ltd. မှ ဆန် စပါးနဲ့သက်ဆိုင်တဲ့ ဆန်စက်ကြီးတွေ ကို    ကျိုက်လတ်မြို့နယ်အတွင်းမှာ ဆောက်လုပ် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီဆန် စက်ကြီးတွေပြီးသွားပြီဆိုရင် တောင်သူ တွေရော၊   ကြိတ်ခွဲရောင်းချသူတွေပါ အများကြီး  အဆင်ပြေလာမှာဖြစ်ပါ တယ်။ ဒီလို စီမံကိန်းတွေကို အကောင် အထည်ဖော်နိုင်တဲ့အတွက် မြန်မာ့ လယ်ယာစီးပွားကဏ္ဍရောMAPCO မှာ   ရှယ်ယာထည့်ဝင်ထားတဲ့သူတွေ အတွက်ပါ အကျိုးအမြတ် အများကြီး ဖြစ်နိုင်တဲ့စီမံကိန်းအမျိုးအစားတွေဖြစ် ပါတယ်ဟုMAPCO  မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မယ်သီတာ