Main menu

Background

မွန်ပြည်နယ်၏ရေလုပ်ငန်းကဏ္ဍများစတင်ဆောင်ရွက်နေပြီဖြစ်

Fri, 11/06/2020 - 11:01 -- journal_editor

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မွန်ပြည်နယ်အတွင်း၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလ ပထမပတ်မှ စတင်၍ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကမ်းနီးငါးဖမ်းရေယာဉ် ၁၂၇၇ စီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် ၃၂၀ စီးနှင့် ငါး၊ ပုစွန်အအေးခန်းစက်ရုံခြောက်ရုံရှိကာ ရေထွက်ပစ္စည်း များကို နိုင်ငံခြားသို့တိုက်ရိုက်တင်ပို့မှုမရှိသော်လည်း ရန်ကုန်မြို့ရှိအအေးခန်းစက်ရုံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငါး ၁၂၁၂၀ ဒသမ ၄၆၃ မက်ထရစ်တန်၊ ပုစွန် ၅၈ ဒသမ ၃၈၅ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပါသည်။

ငြိမ်းမြတ်ကျော် ( မွန် )