Main menu

Background

“Kunming Spring Festival Shopping Expo” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရန် ဖိတ်ကြား

Tue, 11/10/2020 - 14:24 -- journal_editor

“Kunming Spring Festival Shopping Expo” ပြပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှပါဝင်ပြသရန် China Chamber of International Commerce, Yunnan Chamber မှ ဖိတ်ကြားလာပါသည်။

အဆိုပါပြပွဲတွင် စားသောက်ကုန်ပစ္စည်းများ၊ ဝိုင်နှင့်အဖျော်ယမကာများ၊ အထည်အလိပ်၊ အဝတ်အထည်များနှင့်ဖိနပ်များ၊ အိမ်သုံးပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ အလှအပဆိုင်ရာပစ္စည်းများဖြစ်သော မိတ်ကပ်နှင့် Skin Care များ၊ ကျောက်စိမ်းနှင့်လက်ဝတ်ရတနာများ၊ စိုက်ပျိုးရေးနှင့်လယ်ယာထွက်ကုန်များ၊ ဒေသထွက်ကုန်များ၊ ပရိဘောဂများ၊ ခရီးသွားနှင့်အပန်းဖြေမှုဆိုင်ရာထုတ်ကုန်များကို စိတ်ဝင်စားသော မြန်မာကုမ္ပဏီများအနေဖြင့် ဝင်ရောက်ပြသနိုင် ကြောင်း သိရှိရပါသည်။

ပြခန်းစီစဉ်နေရာချထားခြင်းကို  ၂၃-၁- ၂၀၂၁ ရက်နေ့မှ  ၂၄-၁-၂၀၂၁ ရက်နေ့အထိ  ဆောင်ရွက်သွားမည်ဖြစ်ပြီး       Standard Booth  Class A ပြခန်းခနှုန်းထားမှာ (3mx3m) ပြခန်း(၁)ခန်းလျှင် Single Opening အတွက်  9000 RMB၊ Double Opening အတွက် 9500 RMB၊ Standard Booth  Class B ပြခန်းခနှုန်းထားမှာ (3mx3m) ပြခန်း(၁)ခန်းလျှင် Single Opening အတွက် 8000 RMB၊ Double Opening အတွက် 8500 RMB ကျသင့်မည်ဖြစ်ပါသည်။

ပြပွဲသို့ ဝင်ရောက်ပြသလိုသော မြန်မာလုပ်ငန်းရှင်များအနေဖြင့် Application Form ကို ပြည့်စုံစွာဖြည့်စွက်၍ Mr. Qin 86-871-63140323၊ Ms. Du 86-871-63155519၊ Ms. Yang 86-871-63164700၊ Email: yafaeco@163.com121449792@qq.com ၊ Address: Room No. 1816/710 ၊ No.175၊ Beijing Rd၊ Kunming၊ China သို့ ပေးပို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့်လျှောက်လွှာကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ဝက်ဘ်ဆိုက် https://www.myantrade.gov.mm/event/ တွင်ရယူနိုင်ကြောင်း သိရပါသည်။

ကောင်းထွဋ်အောင်(ကုန်သွယ်/ဖွံ့ဖြိုး)