Main menu

Background

ဟာဇက်နှင့် ချဲလ်ဆီးအသင်းတို့ ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆို

Wed, 02/18/2015 - 20:43 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

        ချဲလ်ဆီးအသင်းသည် အသင်း၏ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား အီဒင်ဟာဇက်ကို ကာလရှည်သက်တမ်းတိုးစာချုပ် တစ်ရပ် ချုပ်ဆိုလိုက်ကြောင်းသိရသည်။ ချဲလ်ဆီးအသင်းနှင့် ဟာဇက်တို့သည် ငါးနှစ်ခွဲသက်တမ်းရှိ သက်တမ်းတိုးစာချုပ် တစ်ရပ်ကို ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ အသက် ၂၄နှစ်အရွယ်ရှိ ဟာဇက်သည် ပြင်သစ်လီဂူးကလပ် လိုင်လီမှ ၂၀၁၂ ခုနှစ် က ပြောင်းရွှေ့ကြေး ပေါင် ၃၂သန်းဖြင့် ချဲလ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။''ကျွန်တော် ချဲလ်ဆီးကိုရောက်တာ ၂၀၁၂ခုနှစ်ကတည်းကပါ။ ကလပ်အသင်းက ကျွန်တော့်ကိုခုလိုကာလရှည်စာချုပ် ချုပ်လိုက်တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ အသင်းဖော်တွေရော၊ အသင်းရဲ့မန်နေဂျာရော၊ ပရိသတ်တွေအားလုံးက  ပါ ကျွန်တော့်အပေါ်မှာ နားလည်မှုရှိတဲ့အတွက်အရမ်းကို အံ့အားသင့်မိပါတယ်''ဟု ဟာဇက်က ပြောကြားခဲ့သည်။
ဟာဇက်သည်ပြီးခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနှင့်အတူ ပါဝင်ကစားခဲ့ပြီး လက်ရွေးစင် အသင်းအား ကွာတားဖိုင်နယ်ရောက်သည်အထိကူညီပေးနိုင်ခဲ့သည်။ ၎င်းင်းသည် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၄၇ ပွဲ ကစားပေးခဲ့ပြီး ၄၃ ဂိုးသွင်းယူပေးခဲ့သည်။