Main menu

Background

ပရီးမီးယားလိဂ်ပွဲစဉ် တိုက်ရိုက်ထုတ်လွှွင့်ခွင့် အတွက် ပေါင် ၅ ဘီလီယံကျော် ရရှိမည်

Wed, 02/18/2015 - 20:46 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

     ပရီးမီးယားလိဂ်ပွဲစဉ်များအား တိုက်ရိုက်ထုတ်လွှင့်ခွင့်ရရှိခဲ့သညSky  နှင့် BT Sports ရုပ်သံဌာနများက ပရီးမီးယားလိဂ်သို့ ၂၀၁၆-၁၇ဘောလုံးရာသီ မှစ၍ သုံးရာသီစာအတွက် ပေါင် ၅ ဒသမ၁၃ဘီလီယံပေးရမည်ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။၂၀၁၃ ခုနှစ်မှစ၍ ၂၀၁၆ခုနှစ်အထိ ရုပ်သံထုတ်လွှင့်ခွင့်အတွက်ပေါင် ၃ ဒသမ ၀၁၈ ဘီလီယံပေးခဲ့ခြင်းဖြစ်ရာ ယခုပေးချေရမည့် ပမာဏသည် ၇၀ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြ ထားသည်။ အဆိုပါ ရုပ်သံလွှင့်ခြင်းမှရရှိသည့် ဝင်ငွေများကိုလူငယ်စီမံကိန်း များအတွက် တစ်နှစ်လျှင် ပေါင် ၅၆ သန်းသုံးစွဲနေကြောင်း ပရီးမီးယားလိဂ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
     ယခုပေးချေရမည့်နှုန်းထားအရ ပွဲစဉ်ပေါင်း ၁၆၈ပွဲကိုတိုက်ရိုက်ထုတ်လွှွင့် မည်ဖြစ်ရာ ပျမ်းမျှအားဖြင့် တစ်ပွဲလျှင် ပေါင် ၁၀၂ ဒသမ ၂သန်းခန့်ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
Sky ရုပ်သံဌာနအနေဖြင့်  သောကြာညနေပွဲစဉ်နှင့် စူပါဆန်းဒေးပွဲစဉ် များအပါအဝင် တစ်ရာသီလျှင် ၁၂၆ပွဲ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး ယင်း အတွက် ပေါင် ၄ ဒသမ ၁၇၆ဘီလီယံပေးဆောင်ရမည်ဖြစ်သည်။
 BT Sports ကမူ တစ်ရာသီလျှင် ၄၂ ပွဲအတွက် ပေါင်သန်းပေါင်း ၉၆၀ ပေးဆောင်ရမည်ဖြစ်သည်။