Main menu

Background

ဥရုဂွေးနိုင်ငံသား မာကာရီယန် ဂရိလက်ရွေးစင်အသင်း၏နည်းပြဖြစ်လာ

Wed, 02/18/2015 - 20:48 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

      ဥရုဂွေးနိုင်ငံသား မာကာရီယန်သည် ယူရို ၂၀၁၆ပြိုင်ပွဲအတွက် ရုန်းကန် နေရသည့် ဂရိလက်ရွေးစင်အသင်း၏ နည်းပြဖြစ်လာကြောင်း သိရသည်။ အသက် ၇၀ ရှိပြီဖြစ်သည့် မာကာရီယန်သည် ပီရူးနှင့် ပါရာဂွေးလက်ရွေးစင်အသင်းတို့၏ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ဂရိအသင်းသည် ယူရို၂၀၁၆ပြိုင်ပွဲတွင် အုပ်စု(စ)တွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ယင်းရလဒ်ဆိုးကြောင့်ပင် ဂရိဘောလုံးအဖွဲ့ချုပ်က နည်းပြရာနီ အေရီကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထုတ်ပယ်ခဲ့သည်။   ဂရိအသင်းသည် ယူရို ၂၀၁၆ အုပ်စုပွဲစဉ်တွင် လေးပွဲကစားခဲ့ရာ၌ သုံးပွဲရှုံးတစ်ပွဲသရေဖြင့် တစ်မှတ်သာ ရရှိထားသည်။
ဂရိအသင်းသည် မတ် ၂၉ ရက်တွင် ဟန်ဂေရီအသင်းနှင့်ခြေစစ်ပွဲယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ဇွန်လအတွင်းတွင် ဖာရိုးကျွန်းစုနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။