Main menu

Background

စီရော်နယ်ဒိုကို ရောင်းထုတ်ခြင်းက အသင်းအတွက် ပိုမိုအကျိုးရှိနိုင်ဟုဆို

Tue, 02/24/2015 - 20:06 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

  ရီးရဲလ်မက်ဒရစ်အသင်း အနေ ဖြင့်  တစ်ကိုယ်တော်အစွမ်းပြလွန်း သည့်  စီရော်နယ်ဒိုကို ရောင်းထုတ် ခြင်းက အသင်းအတွက် ပိုမိုအကျိုး ရှိလာနိုင်ကြောင်း  စပိန်ဘောလုံး ဆိုင်ရာကျွမ်းကျင်သူ  တယ်ရီဂစ်ဘ် ဆန်က သုံးသပ်ပြောကြားလိုက်သည်။
ကမ္ဘာ့အကောင်းဆုံး  ဘောလုံး သမားဆုကို  ရရှိထားသည့် စီရော် နယ်ဒိုသည်  ပြိုင်ပွဲပေါင်းစုံ ၃၃ ပွဲ၌ ၃၆ ဂိုးသွင်းယူခဲ့ကာ ဂိုးရရှိရန် ဖန် တီးမှုပေါင်း (၁၁) ကြိမ်အထိ ပြုလုပ် ပေးခဲ့သူဖြစ်သည်။
သို့သော် စပိန်ဘောလုံးကျွမ်း ကျင်သူ ဂစ်ဘ်ဆန်ကမူ စီရော်နယ် ဒို၏ ဂိုးသွင်းရန်  အလွန်အကျွံ စွဲ လမ်းနေမှုက အသင်းကို  အထိုက် အလျောက် ထိခိုက်စေနိုင်ကြောင်း ဝေဖန်ခဲ့သည်။
ရီးရဲလ်ရဲ့ စွမ်းဆောင်ရည်ပိုင်း ကို လေ့လာကြည့်တဲ့အခါ ဒီရာသီ ကုန်ရင်  စီရော်နယ်ဒိုကို ရောင်း ထုတ်သင့်တယ်လို့ ကျွန်တော်ထင် တယ်။ သူက တစ်ဦးတည်း အစွမ်း ပြဖို့ကိုပဲ စွဲလမ်းနေတဲ့သူပါ။ သူ့ရဲ့တစ်ဦးချင်းအောင်မြင်မှုတွေကို ပိုင် ဆိုင်ဖို့ကိုပဲ   အဓိကအားထုတ်နေ တယ်လို့ ကျွန်တော်မြင်တယ်။  ဒီ အချက်က ရီးရဲလ်ရဲ့ အသင်းလိုက် စွမ်းဆောင်ရည်ကို လျော့သွားစေ နိုင်ပါတယ်ဟု ၎င်းက ပြောကြား ခဲ့သည်။