Main menu

Background

ဝလာဒီမီယာကလစ်ချ်ကိုနှင့် ဘရိုင်ယန့်ဂျင်းနင်းတို့ ဧပြီလအတွင်း ထိုးသတ်မည်

Tue, 02/24/2015 - 20:10 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

  ယူကရိန်း  လက်ဝှေ့ချန်ပီယံ   ဝလာဒီမီယာ ကလစ်ချ်ကိုနှင့်  အမေရိကန်လက်ဝှေ့ချန်ပီယံဘရိုင်ယန့်ဂျင်းနင်းတို့သည် လာမည့် ဧပြီ ၂၅ရက်တွင် မက်ဒီ ဆင်စကွဲယားဂါးဒင်းတွင် ထိုးသတ်ကြမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းင်းတို့နှစ်ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်က  အမေရိကန်နိုင်ငံ၏သမိုင်းဝင်အဆောက် အအုံတစ်ခုဖြစ်သည့်  အင်ပါယာအဆောက်အအုံ၏ ၈၆ထပ်တွင် တွေ့ဆုံခဲ့ကြသည်။
ဝလာဒီမီယာကလစ်ချ်ကိုအနေဖြင့်  ၂၀၀၈ခုနှစ် အတွင်းက စူလ်တန်အီဘရာဟီမော့ဗ်ကို အနိုင်ရရှိခဲ့ ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံတွင်  ပထမဦးဆုံး အကြိမ် ပြန်လည်ထိုးသတ်ခြင်းဖြစ်ကြောင်း သိရသည်။
ဝလာဒီမီယာသည်  အီဘရာဟီမော့ဗ်ကို အဆိုပါမက်ဒီဆင်စကွဲယား ဂါးဒင်းတွင်ပင် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါပွဲတွင် ဝလာဒီမီယာ ကလစ်ချ်ကိုသည် ကမ္ဘာ့ဟဲဗီးဝိတ်သရဖူကို  ရယူနိုင် ခဲ့ခြင်းဖြစ်ကာ အဆိုပါဟဲဗီးဝိတ်သရဖူကို ယခုထိထိန်း သိမ်းထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။
အသက်(၃၀)အရွယ်ရှိပြီဖြစ်သည့် ဂျင်းနင်း သည် ဆုကြေးစား လက်ဝှေ့သက်တမ်းတစ်လျှောက် ထိုးသတ်ခဲ့ရာတွင် နိုင်ပွဲ ၁၉ ပွဲရရှိထားပြီး အဆိုပါ ၁၉ ပွဲအနက် အလဲထိုးပွဲမှာ ၁၀ ပွဲရှိကြောင်း သိရသည်။
ဝလာဒီမီယာကို ကျွန်တော်ထိုးသတ်နိုင်လိမ့် မယ်လို့ ယုံကြည်တယ်။ ဒီ ပွဲဟာအမေရိကန်နဲ့ယူကရိန်း တို့ရဲ့ စီးပွားရေးအရ ယုံကြည်မှုတွေရှိလာနိုင်တဲ့ ပွဲတစ် ပွဲလည်းဖြစ်လာနိုင်ပါတယ်ဟု ဂျင်းနင်းက ပြောကြား ခဲ့သည်။
သို့သော်  ဝလာဒီမီယာအနေဖြင့် တိုင်ဆန်ဖူရီ နှင့်သာ ထိုးသတ်လိုသည့်ဆန္ဒရှိနေကြောင်း၊ တိုင်ဆန် ဖူရီနှင့်ပွဲအား  စီစဉ်သူ မိုက်ခ်ဟင်နက်ဆီကပြောကြား ခဲ့ကြောင်း မီဒီယာများက ရေးသားဖော် ပြထားသည်။
ဂျင်းနင်းသည် ၂၀၀၆ ခုနှစ်က လာ့စ်ဗေးဂတ်စ် တွင် ထိုးသတ်ခဲ့သည့်ပွဲ၌ ကနေဒါနိုင်ငံသား လက် ဝှေ့ကျော် ဘားမန်းစိန့်ဗန်နီကို အနိုင်ရရှိခဲ့ပြီး အမေ ရိကန်နိုင်ငံ၏    ပထမဦးဆုံးသော  ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံသရဖူကို ရရှိခဲ့သည့်  လက်ဝှေ့ချန်ပီယံအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။