Main menu

Background

ရှယ်ယာများ ရောင်းချရန် စဉ်းစားထားခြင်းမရှိဟု ဘာလူစကိုနီဆို

Tue, 02/24/2015 - 20:12 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

  အေစီမီလန်အသင်းပိုင်ရှင်ဘာလူစကိုနီက မိမိအနေဖြင့်အသင်း၏ ရှယ် ယာများကိုရောင်းချရန် စဉ်းစားထားခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ အီတလီဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သည့် အေစီမီလန်အသင်း ပိုင်ရှင်နှင့် ဖင်းန်အင်ဗက်စ်ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဘာလူစကိုနီအနေဖြင့် ၎င်းင်းပိုင် ဆိုင်သည့်ကုမ္ပဏီမှ ရှယ်ယာများကို ရောင်းချရန် စီစဉ်လျက်ရှိသည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် ဘာလူစကိုနီက ယခုကဲ့သို့ငြင်းဆိုလိုက် ခြင်းဖြစ်သည်။
ဥရောပချန်ပီယံဆုကို ခုနစ်ကြိမ်တိုင်တိုင် ရယူခဲ့သည့်အေစီမီလန်အသင်း  အနေဖြင့် လွန်ခဲ့သည့်ဘောလုံးရာသီများကလည်း ရလဒ်များဆိုးရွားခဲ့သလို ယခုဘောလုံးရာသီတွင်လည်း ရလဒ်များ ဆိုးရွားလျက်ရှိကာ အဆင့် ၁၁ နေရာ တွင်သာ ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် မီလန်အသင်းအနေဖြင့် ယခုရာသီတွင် ဥရောပပွဲများတွင် ဝင်ရောက်ကစားခွင့်ရရှိရန်အတွက် အခွင့်အရေးများကို လက်လွှတ်ရမည့်အနေ အထားတွင် ရောက်ရှိနေသည်။
ထို့ပြင် မီလန်အသင်းသည် ပြီးခဲ့သည့် ဖေဖော် ဝါရီ ၁၅ ရက်က အိမ်ကွင်း ဆန်စီရိုတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အမ်ပိုလီနှင့်ပွဲတွင် တစ်ဂိုးစီ သရေရလဒ် ကိုသာရရှိခဲ့သည်။ မီလန်အသင်းသည် လက်ရှိနည်းပြ ဖြစ်သည့်  ဖိလစ်ပိုအင်ဇာ ဂီလက်ထက်တွင်  ရလဒ်များပိုမိုဆိုးရွားလျက်ရှိ သည်။