Main menu

Background

ဓနသဟာယအားကစားပြိုင်ပွဲ၏ ပြေးခုန်ပစ်ရွှေတံဆိပ်ဆုရှင် ကီလီဆိုသာတန်၏ ရွှေတံဆိပ်များ ခိုးယူခံရ

Tue, 02/24/2015 - 20:15 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

  ဓနသဟာယ အားကစားပြိုင်ပွဲ၏ ပြေးခုန်ပစ်ပြိုင်ပွဲမှ ခုနစ်မျိုးစုံနှင့်မီတာ ၄၀၀ ရွှေတံဆိပ်ဆုရှင် အင်္ဂလန်နိုင်ငံသူ ကယ်လီဆိုသာတန်၏  ရွှေတံဆိပ်ဆု များ ခိုးယူခံရကြောင်း ဘီဘီစီသတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။
ဖောက်ထွင်းသူများသည် ကယ်လီ ဆိုသာတန်၏နေအိမ်ကို ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီးနောက်  နေအိမ်တွင်းမှ ၎င်းင်း ၏ရွှေတံဆိပ်များ၊ လက်ပ်တော့နှင့် ပေါင်စတာလင်များကို ယူဆောင်သွား  ခဲ့ကြောင်း   ဝက်စ်မိုင်းလန်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ကယ်လီသည် ၂၀၀၆ခုနှစ်က မဲလ် ဘုန်းတွင်ကျင်းပခဲ့သည့် ဓနသဟာယ အားကစားပြိုင်ပွဲ၏  ခုနစ်မျိုးစုံပြိုင်ပွဲ တွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲမတိုင်မီ ဒဏ် ရာပြဿနာများကြောင့်  အားကစား လောကမှ အနားယူခဲ့သူဖြစ်သည်။
ထို့ပြင် ကယ်လီသည် ၂၀၀၄ခုနှစ် အေသင်အိုလံပစ်ပြိုင်ပွဲ၏ပြေးခုန် ပစ်ပြိုင်ပွဲ ခုနစ်မျိုးစုံပြိုင်ပွဲတွင်ကြေးတံ ဆိပ်တစ်ခုရရှိခဲ့ပြီး  အိုဆာကာတွင် ကျင်းပခဲ့သည့် ၂၀၀၇ ခုနှစ် ကမ္ဘာ့ပြေး ခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ၏  ခုနစ်မျိုးစုံ ပြိုင်ပွဲတွင်လည်း ကြေးတံဆိပ်  ရရှိခဲ့ သည်။ ၂၀၀၆ခုနှစ်က ကယ်လီရရှိခဲ့ သည့်  ရွှေတံဆိပ်သည် ၎င်းင်း၏ပြေးခုန် ပစ်ကစားသမား   သက်တမ်းတစ် လျှောက် အဓိက ပြိုင်ပွဲတစ်ပွဲဖြစ်သည့် ဓနသဟာယအား ကစားပြိုင်ပွဲတွင်ရရှိ ခဲ့ခြင်းဖြစ်သည်။