Main menu

Background

ရုရှားပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဘာလာခန်နီရှက်ဗ် နုတ်ထွက်

Tue, 02/24/2015 - 20:17 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

  ရုရှားပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဗလင်တင်ဘာလာ   ခန်နီရှက်ဗ်သည် အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံအိုလံပစ်ကော် မတီမှ ထုတ်ဖော်ပြောကြားခဲ့သည်။
ရုရှားပြေးခုန်ပစ်အသင်း၏ ကစား သမားများအနေဖြင့် တားမြစ်ဆေးဝါး များသုံးစွဲမှုပြဿနာများ  ပေါ်ပေါက်ခဲ့ပြီး နောက်ယခုကဲ့သို့ နုတ်ထွက်ခဲ့ရခြင်းဖြစ် သည်ဟုဆိုသည်။
ရုရှားပြေးခုန်ပစ်အသင်းမှ အိုလံပစ်ချန်ပီယံ သုံးကြိမ်ရရှိထားသည့် လမ်း လျှောက်ပြိုင်ပွဲဝင် ကစားသမားငါးဦးအား အပြည်ပြည်ဆိုင်ရာအိုလံပစ်အဖွဲ့ချုပ်မှ  တားမြစ်ဆေးဝါးများသုံးစွဲခဲ့ကြောင်း ဖော်ထုတ်ခဲ့ပြီးနောက် ရုရှားပြေးခုန်ပစ်အသင်း ၏နည်းပြချုပ် ဗလင်တင်မလက်စကော့ဗ် နုတ်ထွက်ခဲ့သည်။ အဆိုပါတားမြစ်ဆေးဝါး များသုံးစွဲခဲ့သည့် ရုရှားပြေးခုန်ပစ်အသင်းမှ လမ်းလျှောက်ပြိုင်ပွဲဝင်ကစားသမား များအား ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်သည့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီးနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ  နုတ်ထွက်ရခြင်းဖြစ်သည်ဟုဆိုသည်။ဒီကိစ္စမှာအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ကျွန်တော့် မှာတာဝန်အရှိဆုံးပါ။ ဒါကြောင့် ကျွန်တော်နုတ်ထွက်ပါတယ် ဟု ဘာလာခန်နီ ရှက်ဗ်က ပြောကြားခဲ့သည်။ ၎င်းင်းသည် ရုရှားပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။