Main menu

Background

ထိပ်တန်းကွင်းလယ်လူတစ်ဦးခေါ်ယူရေးကို ဦးစားပေးဆောင်ရွက်မည်ဟု ဗန်ဂါးလ် ဆို

Tue, 02/24/2015 - 20:19 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

  မန်ချက်စတာယူနိုက်တက်အသင်း၏ မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ၎င်းင်း အနေဖြင့် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် အသင်းအတွက် ထိပ်တန်းအဆင့်ရှိသည့် ကွင်းလယ်ကစားသမားသစ်တစ်ဦး ခေါ်ယူရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းတွင် ဒပ်ဗလင်နှင့် မိုက်ကယ်ကာရစ်တို့ကဲ့သို့ ကွင်းလယ် ကစားသမားများဒဏ်ရာရရှိချိန်တွင် အသင်းခေါင်းဆောင်တိုက်စစ်မှူး ရွန်နီ အနေဖြင့် ကွင်းလယ်ခံစစ်အထိဆင်းပြီး ကစားခဲ့ရသဖြင့် အဆိုပါအခြေအနေ ကို ဖြေရှင်းရန် ဗန်ဂါးလ်က စဉ်းစားနေခြင်းဖြစ်သည်။
ကျွန်တော့်အနေနဲ့ အသင်းရဲ့ဟန်ချက်ကို မျှတအောင်ကြိုးစားနေပါ တယ်။ ကွင်းလယ်မှာဟန်ချက်ညီညီကစားနိုင်မယ့် ကစားသမားမျိုး လိုအပ် ပါတယ်။ အဲဒီအတွက် ကျွန်တော် ဒီလာမယ့်နွေရာသီမှာ ကွင်းလယ်မှာကစား နိုင်မယ့် ထိပ်တန်းကစားသမားတစ်ဦးကို ရှာဖွေရမှာပါဟု ၎င်းင်းက ပြောကြား ခဲ့သည်။