Main menu

Background

သရုပ်ပြပွဲတွင်တင်နိုင်ခဲ့သော မိုက်ကယ်ဖဲလ်၏ စံချိန်အသိအမှတ်ပြုခြင်းခံရမည်မဟုတ်

Thu, 03/19/2015 - 16:18 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

      အမေရိကန်  ရေကူးချန်ပီယံရှစ်(Short Course) သရုပ်ပြပွဲစဉ်တစ်ခု တွင် တင်နိုင်ခဲ့သော မိုက်ကယ်ဖဲလ်၏ စံချိန်မှာ အသိအမှတ်ပြုခြင်းခံရမည် မဟုတ်ဟုသိရသည်။  အိုလံပစ်သမိုင်း တစ်လျှောက်  အအောင်မြင်ဆုံးအား ကစားသမားဖြစ်သည့်  မိုက်ကယ်ဖဲလ် မှာ ကိုက် ၂၀၀ တစ်ဦးချင်းလေးမျိုးကူး သရုပ်ပြရေကူးပွဲစဉ်တွင်    သမိုင်းတစ် လျှောက် သတ္တမအမြန်ဆုံးစံချိန်အဖြစ် ၁ မိနစ် ၄၀ ဒသမ ၈၄ စက္ကန့်တင်နိုင်ခဲ့ သော်လည်း တရားဝင်ပြိုင်ပွဲ  မဟုတ် သဖြင့် အသိအမှတ်ပြုခြင်းမခံခဲ့ရပေ။ မိုက်ကယ်ဖဲလ်သည်  တရားဝင်ပြိုင်ပွဲ များမစတင်မီ သရုပ်ပြသည့်အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။   ၎င်းင်း အနေဖြင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာ လက  အရက်သေစာသောက်စားပြီး ကားမောင်းမှုဖြင့် စွဲချက်တင်စစ်ဆေးခံ ရပြီးနောက်  အမေရိကန်ရေကူးအဖွဲ့ ချုပ်၏ ပြိုင်ပွဲဝင်ခွင့် ၆လပိတ်ပင်ခြင်းခံ ထားရသည်။  ပြစ်ဒဏ်ကာလမှာ  လာ မည့် ဧပြီလအတွင်း ကုန်ဆုံးမည်ဖြစ်ပြီး သြဂုတ်လအတွင်း ကျင်းပမည့် ကမ္ဘာ့ ချန်ပီယံရှစ် ရေကူးပြိုင်ပွဲတွင်  ပါဝင် ယှဉ်ပြိုင်ခွင့်ရဖွယ် ရှိနေသည်။အသက်၂၉ နှစ်ရှိ မိုက်ကယ်ဖဲလ် မှာ အိုလံပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ဆု ၁၈ ဆုအပါအဝင် စုစုပေါင်း ဆုတံ ဆိပ် ၂၂ ဆုဆွတ်ခူးထားသည်။