Main menu

Background

ပက်ကွီအိုကို ရော့ကီအဖြစ် ဖန်တီးမည်ဟု မိုဟာမက်အလီ ပြောကြား

Tue, 04/07/2015 - 21:02 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

ဖိလစ်ပိုင်လက်ဝှေ့ကျော်   ပက် ကွီအိုနှင့်  အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေဝဲသားတို့၏ပွဲတွင် ပက်ကွီ အိုကိုသာ  အနိုင်ရစေလိုကြောင်း၊ ပက် ကွီအိုအနိုင်ရရှိခဲ့ပါက ဖိလစ်ပိုင်ရော့ကီ (Phillip Rocky) အဖြစ်  ဖန်တီးမည် ဖြစ်ကြောင်း မိုဟာမက်အလီက ပြော ကြားခဲ့သည်ဟု ၎င်းင်း၏သမီးဖြစ်သူ၏ ပြောကြားချက်ကိုTMZသတင်းဌာန က ထုတ်ဖော်ရေးသားခဲ့သည်။
မိုဟာမက်အလီသည် မေဝဲသား ၏  လက်ဝှေ့ထိုးသတ်နည်းများကို ကြိုက်နှစ်သက်သလို ပက်ကွီအို၏ကျွမ်းကျင်မှုကိုလည်း  ကြိုက်နှစ်သက် ကြောင်း၊ သို့သော် ပက်ကွီအိုအနေ ဖြင့် မေဝဲသား၏ ကျွမ်းကျင်မှုများကို ၎င်းင်း၏ကျွမ်းကျင်မှုများဖြင့် လွှမ်းမိုးကာ အနိုင်ယူစေလိုကြောင်း ပြောကြားခဲ့ သည်ဟု မိုဟာမက်အလီ၏  သမီးဖြစ် သူ ရာရှီဒါအလီက ပြောကြားခဲ့သည်။
''အဖေက ပက်ကွီအိုရဲ့ အမာခံ ပရိသတ်ပါ။ သူက  ပက်ကွီအိုကို သိပ် ကြိုက်တဲ့သူပါ။ မေဝဲသားရဲ့ထိုးသတ်ပုံ ထိုးသတ်နည်းတွေကိုလည်း သူကြိုက် ပါတယ်။ ဒါပေမယ့် သူကပက်ကွီအို ကိုပဲ  အနိုင်ရစေချင်တယ်။  တကယ် တော့ သူတို့နှစ်ယောက်ဟာပြိုင်ဖက် တွေ မဟုတ်ကြပါဘူးလို့ သူကပြော တယ်" ဟုရာရှီဒါက ပြောကြားခဲ့သည်။
ပက်ကွီအိုနှင့် မေဝဲသားတို့၏ထိုး သတ်ပွဲမှာ တဖြည်းဖြည်း  နီးကပ်လာ သည်နှင့်အမျှ  စကားစစ်ထိုးမှုများမှာ လည်း  တစ်နေ့တခြား ပိုမိုပြင်းထန် လျက်ရှိကြောင်း  ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။