Main menu

Background

MFF Cup ရှုံးထွက်ဖလားပြိုင်ပွဲအား ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲကျင်းပမည်

Tue, 02/24/2015 - 19:48 -- journal_editor

အတွဲ (၁၅)၊အမှတ်(၈)

  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသည့်   MFF Cup  ရှုံးထွက်ဖလားပြိုင်ပွဲအား ဗိုလ် ချုပ်အောင်ဆန်းဒိုင်းအမည်ဖြင့် ပြောင်း လဲကျင်းပသွားရန် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ  စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေး   ကြိုးပမ်းဆောင်ရွက်ခဲ့ သည့်   အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အောက်မေ့ ဂုဏ်ပြုသောအားဖြင့်MFF Cup  ဘော လုံးပြိုင်ပွဲအား    ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဟု   ပြောင်းလဲကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှထုတ်ပြန်ကြေညာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း    ရှုံး ထွက် ဘောလုံးပြိုင်ပွဲကို ၁၉၅၇ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် ကွင်းပိတ်ဖလား ပြိုင်ပွဲတစ်ရပ်ဖြစ်ခဲ့သော်လည်း နောက် ပိုင်းတွင်   အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိတော့ပေ။
မြန်မာဘောလုံး  လောကအား ပရော်ဖက်ရှင်နယ်အဖြစ် စတင်ပြောင်း လဲခဲ့သည့် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင်MFF Cup ရှုံးထွက်ပြိုင်ပွဲအဖြစ်  ပထမ တန်း၊ ဒုတိယတန်းအသင်းများ ယှဉ်ပြိုင် ကစားသည့်  အဖွဲ့ချုပ်ဖလားပြိုင်ပွဲအား ယခုနှစ် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မှစတင် ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း(General Aung San Shield) အဖြစ်  ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။