Main menu

Background

ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂အသင်း ကစားသမားစာရင်းထုတ်ပြန်

Tue, 02/24/2015 - 19:52 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ခုနှစ်  အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတို့သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ရွေးစင်  ပဏာမ  ယူ-၂၂ အသင်းအတွက် ကစားသမားစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ် ပြန်ကြေညာခဲ့သည်။
အဆိုပါ မြန်မာယူ-၂၂အသင်းကို နည်းပြအဖြစ်   မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းဖြစ်သူ   မကွေး အသင်း နည်းပြချုပ် ဦးကြည်လွင်အား တာဝန်ပေးအပ်ခဲ့သည်။ အသင်းအုပ် ချုပ်သူအဖြစ်  ဦးသန်းတိုးအောင်အား တာဝန် ပေးအပ်ခဲ့သည်။
ယင်း မြန်မာယူ-၂၂အသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်အပါအဝင်    ကြို တင်လေ့ကျင့်မှုများ၊ ခြေစမ်းပွဲများကို ဆက်လက်ယှဉ်ပြိုင်   လေ့ကျင့်မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။
ဖွဲ့စည်းလိုက်သည့် မြန်မာယူ-၂၂ အသင်းတွင် (ဂိုး) ကျော်ဇင်ဖြိုး(မကွေး)၊ ဇော်ဇော်နိုင်(ဇေယျာရွှေမြေ)၊ရန်အောင် လင်း(ဟံသာဝတီ)၊   ဇော်ထက်လင်း (ဆောက်သမ်းမြန်မာ)၊ (နောက်) ရဲဝင်း အောင်(ရတနာပုံ)၊  ကျော်ဇင်လွင် (မကွေး)၊ သိန်းနိုင်ဦး(ကမ္ဘောဇ)၊ ဇော် ဝင်း(ရန်ကုန်)၊  သောင်ဟပ်သန်(ချင်း)၊ ကိုကိုဟိန်း(ဇွဲကပင်)၊    ဇော်ရဲထွန်း (ရတနာပုံ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ စည်သူအောင်(ရတနာပုံ)၊ ဟိန်းသီဟ ဇော်(ဧရာဝတီ)၊ ဟိန်းနေဆန်း(ရတနာပုံ)၊ ဇာနည်ထက်(ရန်ကုန်)၊ (လယ်) သီဟ ဇော်၊ အောင်ကျော်နိုင်၊  နေလင်းထွန်း (ဧရာဝတီ)၊ Óဏ်လင်းအောင်၊ဇင်ဖြိုး အောင်၊ထက်ဇော်ထွန်း(ဇွဲကပင်)၊ သက် ပိုင်ဦး(ဇေယျာရွှေမြေ)၊   ဆက်ဖြိုးဝေ၊ ဇွန်မိုးအောင်(ရန်ကုန်)၊  ချစ်စုမိုး(ချင်း)၊ လှိုင်ဘိုဘို၊ရဲကိုဦး(ရတနာပုံ)၊ အောင်ရှိုး သာမောင်၊    မျိုးမင်းဇော်(မကွေး)၊ (ရှေ့တန်း) ကောင်းဆက်နိုင် (မကွေး)၊ ဒွေးကိုကိုချစ်၊ ရှိုင်းသူရ၊ ဇင်မင်းထွန်း (ရတနာပုံ)၊သန်းထက်အောင် (ရန်ကုန်) တို့ဖြစ်ကြောင်း သိရသည်။
မြန်မာယူ-၂၂အသင်းသည် ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖီဂျီ ယူ-၂၀ အသင်းနှင့်  ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်    ခြေစမ်းကစားခဲ့ရာ တစ်ဖက်နှင့်တစ်ဖက်  ဂိုးမသွင်းနိုင်ဘဲ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
မြန်မာယူ-၂၂ အသင်းသည်  ယူ- ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့  ဝင်ရောက် ယှဉ်ပြိုင်ရန်  စုစည်းလေ့ကျင့်ထားသည့် ဖီဂျီ ယူ-၂၀အသင်း၏ ကစားအားနှင့် တိုက်စစ်အားကို မယှဉ်နိုင်သည့်အပြင် ဂိုးသွင်းမှုစွမ်းရည်များတွင်လည်း လို အပ်ချက်များရှိနေသဖြင့် အနိုင်ဂိုး မရရှိခဲ့ခြင်းဖြစ်သည်။
ဖီဂျီယူ-၂၀အသင်းသည် မြန်မာ ယူူ-၂၂အသင်းနှင့်မယှဉ်ပြိုင်မီ ဖေဖော် ဝါရီ ၁၇ရက်က မန္တလေးမြို့ရှိ မန္တလာ သီရိကစားကွင်းတွင်  မြန်မာယူ-၂၀ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။
အဆိုပါပွဲတွင် မြန်မာယူ-၂၀ အသင်း သည် ဖီဂျီယူ-၂၀အသင်းကို သန်းပိုင်၏တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
ဖီဂျီယူ-၂၀အသင်းနည်းပြ  ဖရန့် ဖာရီနာက မြန်မာယူ-၂၂အသင်းထက် မြန်မာယူ-၂၀အသင်းက ပိုကောင်းဟု ချီးကျူးခဲ့ကြောင်း သိရသည်။
]]ကျွန်တော် မြန်မာယူ-၂၀အသင်း နဲ့ရော မြန်မာယူ-၂၂အသင်းနဲ့ပါ ယှဉ် ပြိုင်ကစားခဲ့ပြီးပါပြီ။ ဒါပေမယ့် မြန်မာ ယူ-၂၀အသင်းရဲ့ ကစားပုံက ယူ-၂၂ရဲ့ ကစားပုံထက်  ပိုပြီးတော့  ကောင်းပါ တယ်။ ကျွန်တော်တို့အသင်းက အရန် ကစားသမားတွေနဲ့   မြန်မာယူ-၂၂ အသင်းကို ယှဉ်ခဲ့ပါတယ်။ တစ်ဖက် သတ် ဖိကစားခဲ့ပြီး ကျွန်တော်တို့ ဂိုး ပေါက်ကို ခြိမ်းခြောက်ခဲ့ပေမယ့် အဆုံး သတ်  ညံ့တာကြောင့် ဂိုးမရတာပါ}}ဟု ဝေဖန်ပြောကြားခဲ့သည်။