Main menu

Background

ဖူဆယ်လိဂ်ပြိုင်ပွဲများ ကျင်းပပြီးစီး၊ အဆိုပါပြိုင်ပွဲအတွက် ဂိုးသွင်းဘုရင်ဆု ချီးမြှင့်ခြင်းမပြ

Tue, 02/24/2015 - 20:00 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့်   ကျင်းပသည့် MFF Futsal MTC League  ပြိုင်ပွဲ၏ဆုချီး မြှင့်ပွဲ  အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်က  အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲ၏   ချန်ပီယံဆုကိုMIC FC  အသင်းက ရရှိခဲ့ပြီး ဆုကြေး ငွေအဖြစ်  ကျပ်သိန်း ၅၀ ရရှိခဲ့သည်။ ဒုတိယရရှိခဲ့သည့်  UPT FC  အသင်းက ဆုကြေးငွေ   ကျပ်သိန်း ၃၀ ရရှိခဲ့ပြီး တတိယရရှိခဲ့သည့်  အသင်းဖြစ်သည့်  PU FC အသင်းက ဆုကြေးကျပ်သိန်း ၂၀ နှင့်  စတုတ္ထရရှိခဲ့သည့် VUC FC အသင်းမှာ ဆုကြေးကျပ် ၁၀သိန်းရရှိခဲ့ ကြသည်။
အသန့်ရှင်းဆုံး အသင်းအဖြစ်VUC FC  အသင်းက ရရှိခဲ့ပြီး ဆုကြေး ကျပ် ခုနစ်သိန်းရရှိခဲ့သည်။ ပြိုင်ပွဲတစ် လျှောက်အကောင်းဆုံးကစားသမားဆု ကိုMIC FC  အသင်းမှနိုင်ရဲကျော်က ဆွတ်ခူးရရှိခဲ့ပြီး ဆုကြေး ကျပ်သုံးသိန်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ယင်းပြိုင်ပွဲတွင်  ဂိုးသွင်းဘုရင်ဆု အတွက်  ချီးမြှင့်ခဲ့ခြင်းမရှိပေ။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ   ဂိုးသွင်းအများဆုံးဆုရရှိ ရန်အတွက် မရိုးသားမှုများပြုလုပ်ခဲ့ကြ သည့်အတွက်  ပေးအပ်ချီးမြှင့်ခြင်းမပြု ရခြင်းဖြစ်ကြောင်း သိရသည်။
ပွဲစဉ်ပြီးဆုံးရန်   တစ်ပတ်အလို တွင် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တစ်ပွဲ အတွင်း ဂိုးသွင်းဘုရင်ဆုအတွက် ၃၆ ဂိုးစီ  သရေရလဒ် ထွက်ပေါ်အောင် ကစားခဲ့ခြင်းကြောင့် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ  ဂိုးသွင်းဘုရင်ဆုအတွက် စိစစ်လျက်ရှိကြောင်း သိရသည်။
ဂိုးသွင်းဘုရင်ဆုအတွက် အသင်း နှစ်သင်းညှိကစားခဲ့တယ်ဆိုတာ ဟုတ် ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲအတွက် ဂိုး သွင်းဘုရင်ဆုကို  မပေးတော့ပါဘူး။ ဒီ လို မသမာတဲ့နည်းနဲ့ အရယူမယ်ဆိုရင် တကယ်ကြိုးစားပြီး  ဂိုးသွင်းထားတဲ့သူ တွေ နစ်နာတာပေါ့ဟု  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှအုပ်ချုပ်ရေးမှူးစီမံ ဒါရိုက်တာ ဦးစိုးမိုးကျော်ကSoccer Myanmar သို့  ပြောကြားခဲ့ခြင်းဖြစ် သည်။
အဆိုပါ    ဖူဆယ်လိဂ်ပြိုင်ပွဲကို Mother Trading and Construction Co., Ltd. ၏  ကူညီပံ့ပိုးမှုဖြင့် ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။