Main menu

Background

နိုင်ငံခြားသား ကစားသမားနှစ်ဦးအား စာချုပ်ဖျက်သိမ်းရန် ရတနာပုံအသင်းစီစဉ်

Tue, 02/24/2015 - 20:03 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

   ရတနာပုံအသင်းအနေဖြင့်  အသစ်ခေါ်ယူထားသည့် နိုင်ငံခြားသား ကစားသမားနှစ်ဦးအား စာချုပ်ဖျက်သိမ်းရန် စီစဉ်လျက်ရှိကြောင်းအသင်း ပိုင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ရတနာပုံအသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲများနှင့် အေအက်ဖ်စီပြိုင်ပွဲများအတွက် အသစ်ခေါ်ယူထားသည့် ကျောနံပါတ် ၂၄ လိုက်ဘေးရီးယားရှေ့တန်းကစားသမား ဖိုဒေးနှင့် ကျော နံပါတ် ၁၅ သြစတြေးလျ အလယ်တန်းကစားသမား ဂျိမ်းစ်မေယာတို့အား လက်ရှိစာချုပ်များ ဖျက်သိမ်းရန် စီစဉ်လျက်ရှိကြောင်း သိ ရသည်။
အဆိုပါကစားသမားများ၏လက်ရှိခြေစွမ်းသည် အသင်းနှင့်အံဝင်ရန် နှောင့်နှေးနေမှုများကြောင့်  အသင်းမှ ယခုကဲ့သို့ စာချုပ်များဖျက်သိမ်းရန်  စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရတနာပုံအသင်းအနေဖြင့်  စာချုပ် ဖျက်သိမ်းလိုက်သည့် အဆိုပါ နိုင်ငံခြားသားကစားသမားများနေရာတွင် ပြည်တွင်းကစားသမားများနှင့် အစားထိုးသွားမည်ဖြစ်ပြီး အသင်း၏ရလဒ်ပိုင်းအား အကောင်းဆုံးပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုဒေးနှင့် ဂျိမ်းစ်မေယာတို့အား စာချုပ်ဖျက်သိမ်းမည့်ကိစ္စနှင့်ပတ် သက်၍ သက်ဆိုင်ရာအေးဂျင့်များအား  အကြောင်းထားပြီးဖြစ်ကြောင်းအဆိုပါသတင်းတွင် ဖော်ပြထားသည်။