Main menu

Background

အင်ဒိုနီးရှားနိုင်ငံသို့ မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲ သွားရောက်ကစားမည်

Thu, 03/12/2015 - 20:18 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

မြန်မာ့လက်ရွေးစင်အသင်းသည်  လာမည့် မတ်လ ၃၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗား၊ ဆီဒိုရာဂျိုရှိဒဲလ်တာစတေဒီယမ်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခြေစမ်းပွဲကို အင်ဒိုနီးရှားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ယင်းအကြောင်း ကြားချက်အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း မြန်မာ့လက်ရွေးစင် အသင်းအားစေလွှတ်၍ ခြေစမ်းပွဲကို လာရောက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း  လက်ခံပြန်ကြားခဲ့သည်။
နည်းပြချုပ် အဗရာမိုဗစ်ချ် တာဝန်ယူထားသည့် မြန်မာ့လက်ရွေးစင် အသင်းသည် မတ် ၁၂ ရက်တွင် စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း၏လူစာရင်းကို မကြာမီကာလများတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။