Main menu

Background

Nike နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ၈ျာစီစပွန်ဆာ ဆွေးနွေးမှု ပျက်ပြယ်

Tue, 03/17/2015 - 20:40 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၁)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဂျာစီစပွန်ဆာအတွက် အမေရိကန် အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် Nike ကုမ္ပဏီနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏  တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ''ကျွန်တော်တို့Nike ကုမ္ပဏီ   နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေတော့ပါဘူး။ သူတို့က ကျွန်တော်တို့အသင်းတွေကို ဂျာစီစပွန်ဆာပေးချင်ပေ မယ့် ရရှိမယ့်ပမာဏက အရမ်းကိုနည်းလွန်းပါတယ်။  ကျွန်တော်တို့ တောင်းသလောက်ပေးဖို့ သူတို့မှာ ဆန္ဒမရှိပါဘူး။ နောက်တစ်ခုက သူတို့ဘက်မှာ ရပိုင်ခွင့်တွေကို ပိုပြီးယူထားတာကြောင့် ကျွန်တော်တို့အနေနဲ့ Nike ကုမ္ပဏီနဲ့ ဆက်လက် ပြီး ဆွေးနွေးမှုတွေမပြုလုပ်တော့ပါဘူး''ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်တွင်Lotto နှင့် ဂျာစီ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။