Main menu

Background

ထိုင်းနိုင်ငံတွင်မော်တော်ကားထုတ်လုပ်မှု ပမာဏ ၅ ရာခိုင်နှုန်းခန့် လျှော့ရန်စီစဉ်

Thu, 08/22/2013 - 14:00 -- ydnar

ထိုင်းနိုင်ငံတွင် ဇူလိုင်လ အတွင်း မော်တော်ကားစီးရေ ၈၂၇၁၀ စီး၊ တန်ဖိုးအားဖြင့် ဘတ် ၃၉ ဒသမ ၄၅  ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံ)  ပြည်ပသို့တင်ပို့နိုင်ခဲ့ခြင်းဟာ အနီးစပ်ဆုံးဇွန်လနှင့်နှိုင်းယှဉ်ပါက   ၁၄ ဒသမ ၀၁ ရာခိုင်နှုန်း၊ ယခင်နှစ် ဇူလိုင် လနှင့်နှိုင်းယှဉ်ပါက ၁၃ ဒသမ ၉၉ ရာခိုင်နှုန်းအသီးသီးအရေအတွက် ကျဆင်းတင်ပို့ခဲ့ရတယ်လို့ Automotive Industry Club ပြောရေးဆိုခွင့် ရှိသူှက Surapong မှ ပြောကြားခဲ့ပါတယ်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ(၇)လတာကာလအတွင်း ကားစီးရေ ၆၁၇၀၇၆ စီး တန်ဖိုး အားဖြင့် ဘတ် ၂၈၀ ဒသမ၂၅ ဘီလီယံ (ဒေါ်လာ ၈ ဒသမ ၉၆ ဘီလီယံ) ပြည်ပတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလ တူထက် ၁၁ ဒသမ ၅၄ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
ပြည်တွင်း  ကားဝယ်လိုအား အနေနဲ့ ဇူလိုင်လအတွင်းကားစီးရေ ၉၈၂၅၁ စီးရောင်းချခဲ့ရသဖြင့် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၅ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဇူလိုင်လဟာ ၁၅ လတာကာလအတွင်း ပထမဆုံး အကြိမ်ကားစီးရေ ၁ သိန်း အောက်ရောင်းချနိုင်တဲ့လတစ်လလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း (၇) လတာကာလ အတွင်း  ကားစီးရေ  ၈၃၉၀၄၆ စီး ပြည်တွင်းဝယ်လိုအားရှိပြီး ယခင်နှစ် ကာလတူထက် ၁၃ ဒသမ၀၆ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဇူလိုင်လအတွင်း ကားထုတ်လုပ်မှုမှာ ကားစီးရေ ၂၀၁၄၄၆ စီး ထုတ်လုပ်သော်လည်း ပြည်တွင်း/ပြည်ပရောင်းချမှုမှာ ကားစီးရေ ၁၈၀၉၆၁ စီးသာရှိခြင်း၊ ထို့နည်းတူဇန်နဝါရီလမှ ဇူလိုင်လ အတွင်း ကားထုတ်လုပ်မှုမှာ ကားစီးရေ ၁၅၄၂၄၀၅ စီးထုတ်လုပ်သော်လည်း ပြည်တွင်း/ပြည်ပရောင်းချရမှုမှာ ကားစီးရေ၁၄၅၆၁၂၂စီးသာရှိခြင်းစတဲ့ အချက်များကြောင့် နောင်လာမဲ့ သြဂုတ်လမှ အောက်တိုဘာလအတွင်း ကားထုတ်လုပ်မှုအား အနီးစပ်ဆုံးမေလ မှဇူလိုင်လအတွင်းထုတ်လုပ်မှုထက် ၅ ရာခိုင်နှုန်း၊  ယခင်နှစ် သြဂုတ်လမှ အောက်တိုဘာလထိထုတ်လုပ်မှုထက် ၁၂ ရာခိုင်နှုန်းခန့် လျော့ကျ ထုတ်လုပ် ရန် စီစဉ်လျက်ရှိကြောင်း Surapong မှပြောကြားခဲ့တယ်လို့အင်တာနက်တွင် ဖော်ပြပါရှိပါတယ်။    AT (Mdy)