Main menu

Background

စလစ်ကပ်ကားများထဲတွင် ခရီးသွား ကောင်းမွန်သောကားများ အဝယ်ရှိနေ

Wed, 03/11/2015 - 21:40 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

ရန်ကုန်မြို့ကားဈေးကွက်၏ မတ်လဆန်းပိုင်းအခြေအနေမှာ ပွင့်လင်း ရာသီရောက်ရှိလာပြီး ကျောင်းပိတ်ရက်ရှည်များလာတော့မည်ဖြစ်၍ ကား ပွဲစားတန်းများအတွင်း အရောင်းအဝယ်ရှိသကဲ့သို့  အရောင်းစင်တာများ လည်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မတ်လအတွင်း  ကျောင်းသားများ  ကျောင်းပိတ်ရက်ရှည်ပိတ်ကာ ခရီး သွားရာသီ၊ ခရီးသွားကာလလည်း ဖြစ်သဖြင့် ခရီးသွားကောင်းမွန်သော ကား များ  အရောင်းသွက်လာကြောင်း၊ ပုံမှန်အားဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖရီးပါမစ်ကားများ ကားပါကင်နေရာပြသရသဖြင့်  ကားလေးများ တင်သွင်းမှု  လျော့နည်းသွားပြီး ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု ပြဿနာတစ်ဖက်မှ ဖြေရှင်းပြီးဖြစ်သွားသော်လည်း မြေနေရာငှားရမ်းမှုပုံစံ တစ်ရပ်ပေါ်လာပြီး ဖရီး ပါမစ်ကားလေးများ၏ နောက်ဆုံးထုတ်အက္ခရာဈေး တန်းမှာ ၅ သိန်းခန့်မြင့်တက်လာခဲ့ကြောင်း၊ အရောင်း အဝယ်လည်း ယခင်က ကဲ့သို့ မကောင်းတော့ကြောင်း၊ သို့ဖြစ်၍ ကားပါကင် ပြသစရာမလိုသည့် စလစ်ကပ်ကားများပြန်လည်ပြီး  အရောင်းအဝယ်ကောင်းမွန်လာခဲ့သော် လည်း ၂၀၁၄ နှင့် ၂၀၁၅ စလစ်များ၏  အခွန်လျှော့ပေါ့မှုနှင့် မလျှော့ပေါ့မှုနှုန်း ထားကွာခြားချက်များကြောင့် ၁၀ သိန်း၊ ၁၅ သိန်းခန့် ဈေးတန်းမြင့်တက်လာ ခဲ့ကြောင်း၊ ၂၀၁၅ မတ်လကုန်လျှင် အခွန် သက်သာခွင့်မရှိတော့သည့်အတွက် ပြည်ပနိုင်ငံများမှ ဆွဲရသည့်လေလံ ဈေးပြန်ကျနိုင်ပြီး ပြည်တွင်းမှာစလစ် ကပ် အခွန်ထားခွင့်မပေးတော့သောကြောင့် ကားဈေးတန်း  ထပ်တက်လာ မည် ပြန်ကျသွားမည်ကို အတပ်မပြောနိုင်သေးကြောင်း လှိုင်မြို့နယ် ယာဉ် ရောင်းဝယ်ရေးစခန်းမှ ဝါရင့် အကျိုးဆောင်ကိုမြင့်ကျော်မှ ပြော သည်။
လတ်တလောအားဖြင့် ကားဈေး ကွက်ထဲတွင် ရုပ်ထွက်ကောင်းသော အက္ခရာ  ၁တန်း/၂ တန်းနိမ့်   သိန်း ၁၀၀ အောက်နှင့် သိန်း ၁၀၀ မှ ၁၃၀ ကြားကားလေးများ၊ ကားလတ်များအဝယ်ရှိနေပြီး ထိုထဲတွင်မှ ခရီးဝေးသွားလျှင် ကောင်းမွန်စိတ်ချရသော ကားများ  ပို၍အရောင်းအဝယ်ဖြစ်ကြောင်း၊ စလစ် ကပ်ကားများတွင် ယခင်လကရောင်းရသည့် ဝှစ်ရ်ှနှင့် ကလူဂါများ ယခုပြန်အေး သွားပြီး ဟိုက်အေ့(စ်) ကားလတ်များ၊ အာလ်ဖတ်တို့နှင့် အခြားဖိုးဝှီး(လ်) များ လည်း နယ်အဝယ်^မြို့အဝယ်ပြန်လည်လိုက်လာကြောင်း ၎င်းင်းမှပြောသည်။
SN