Main menu

Background

(၇)နေ့ သားသမီးများအတွက် စီးပွားရေးအကြံပေးဟောကိန်း (၉-၂-၂၀၁၅ မှ ၁၅-၂-၂၀၁၅)

Thu, 02/19/2015 - 19:38 -- journal_editor

တနင်္ဂနွေသားသမီးများအတွက် တစ်ဦးတစ်ယောက်တည်းဆိတ် ငြိမ်စွာနေရခြင်း ကိုနှစ်သက်နေတတ်မည်။ စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများမှ အခက်အခဲဖြစ်လာခြင်းမျိုး ကြုံရတတ်သည်။ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများမှဝင်ငွေအားကောင်းလာပါလိမ့်မည်။ ပညာရေးတွင်ကံကောင်းနေမည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင်လူမှု ရေးကိစ္စများနှင့်ပတ်သက်ပြီးအဆင်မပြေမှုများအထင် အမြင်လွဲခံရမှုများရှိနေတတ်ပါ သည်။ ကျန်းမာရေးအနေဖြင့်ရာသီဥတုပြောင်း လဲခြင်းကြောင့်ဖြစ်တတ်သောဝေဒနာ များသတိထားသင့်ပါသည်။                                                   

  ယတြာ။  ( အုန်းနို့ ထမင်း) ယာဂုလှူပါ။

တနင်္လာသားသမီးများအတွက်  အလုပ်သစ်၊ စီးပွားသစ်လုပ်ကိုင်ပါက အဆင်ပြေအောင်မြင်နိုင်သောအခြေအနေများစွာရှိနေတတ်ပါ သည်။ အလုပ်အကိုင်မှရရန်ငွေကြေးများရှိနေသည့်ကာလဖြစ်နေပါသည်။ တိရစ္ဆာန်ထွက်ပစ္စည်းများရောင်းဝယ်ရေးတွင်အောင်မြင် ကျော်ကြားနေတတ်သည်။ ပညာသင်ကြားသူ၊ ပညာရှာသူများအနေနှင့်အထူူးကံကောင်း သောအနေအထားတွင်ရှိနေတတ်ပါသည်။ အချစ်ရေးတွင်ကံကောင်းမှုစိတ်ချမ်းသာမှုများရှိနေမည်။ အိမ်ထောင်ရေးတွင် တစ်ဦးနှင့်တစ်ဦးခွဲခွာ၍အဝေးတစ်နေရာစီနေရတတ်သည်။ ကျန်းမာရေးတွင် သတိလက်လွတ်ဖြစ်ပြီး အစားအသောက်အနေအထိုင် ရသာခံစားမှုသတိမထား မိသောအခါအလွယ်တကူဖြစ်ပေါ်ခံစားရသောဝေဒနာရရှိတတ်ပါသည်။                                                                                          

ယတြာ။   နို့ကျောက်ကျောလှူပါ။

အင်္ဂါသားသမီးများအတွက်     အလုပ်ကိစ္စများကိုမဖြစ်မနေလုပ် သင့်သောအချိန် ကောင်းကာလဖြစ်သည်။ ဥယျာဉ်ခြံမြေနှင့် ပတ်သက် သော လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့်ပတ်သက်သောစီးပွားရေးအထူးအောင်မြင်မှုရရှိနေ မည်ဖြစ်ပါသည်။ ပညာရေးတွင်စိတ်ဆန္ဒရှိသလောက်လေ့လာ သင်ယူခွင့်ရတတ်သည်။ အချစ်ရေးတွင်စိတ်ကူးအကောင်အထည်မဖော် ဖြစ်နိုင်ရှိနေ မည်။ အိမ်ထောင်ရေးတွင် မိသားစုဘဝလှပစေရန်အထူးကြိုးစား လုပ်ကိုင်ဆောင်ရွက် နေရတတ်သည်။ ကျန်းမာရေးတွင်ဆိုးဝါးပြင်းထန်သော ဝေဒနာများမကပ်ရောက်နိုင်ပါ။
ယတြာ။ ဆီထမင်းလှူပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်   မိတ်ဟောင်းဆွေဟောင်းတို့နှင့် အသိပညာရှင် အတတ်ပညာရှင်တို့၏ အကြံပေးမှုတို့ကိုလက်ခံ၍ မိမိဆန္ဒ အတိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်သောကြောင့် စီးပွားရေး လုပ်ငန်းတို့တွင် အောင်မြင်မှုရလာတတ်ပါသည်။ အကျိုးအမြတ် များလည်းရရှိလိမ့်မည်။ အဖျော်ယမကာနှင့်အရည်ရွှန်းသော အသီးအနှံများမှစီးပွား ဖြစ်ထွန်းပြီး အကျိုးပေးအလားအလာကောင်းနေမည်။ ပညာရေးနှင့်ကျန်းမာရေးရော ထွေးနေတတ်သည်ကို ဂရုစိုက်ပါ။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် လူမှုရေးပြဿနာများရှိလာတတ်သည်။                                                                             

         ယတြာ။   ထန်းသီးလှူပါ။

ကြာသပတေးသားသမီးများအတွက်    အေးဆေးစွာနေလိုသော သဘောရှိနေမည်။ စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်း၊ ဘုရားဖူး လုပ်ငန်း၊ နိုင်ငံခြားခရီး၊ နယ်စွန်နယ်ဖျားခရီးမျိုးလုပ်ငန်း စီးပွားအောင်မြင်နေမည်။ ထီပေါက် သကဲ့သို့ဝင်ငွေရရှိမည်။ ပညာ Óဏ်ထက်မြက်မှုရှိသောကြောင့် ပညာရေးတွင်ထူးချွန်မှုရှိနေမည်။ အချစ်ရေးတွင် မျှော်လင့်နေရတတ်သည်။ အိမ်ထောင်ရေးသာယာ ပျော်ရွှင်မှုရှိနေမည်။ ကျန်းမာရေး ကောင်းသော်လည်းပင်ပန်းမှုဒဏ် မခံနိုင်ခြင်းကြောင့်ဖြစ်သော ဝေဒနာခံစားရတတ် သည်။                                                                                                     

          ယတြာ။ ရွှေကြည်ဆနွင်းမကင်းလှူပါ။

သောကြာသားသမီးများအတွက်  အလုပ်နှင့်ပတ်သက်ပြီးငွေအလုံး အရင်းရရှိ တတ်ပါသည်။ ပြည်ပနှင့်ဆက်သွယ်လုပ်ကိုင်သော စီးပွား ရေး သင့်လျော်ကောင်းမွန်နေမည်။ နိုင်ငံရပ်ခြားတွင် ပညာရေး သွား ရောက်သင်ယူရတတ်သည်။ အချစ်ရေးတွင်ဘာသာ တရားလေးစား သူနှင့်ကြုံမည်။ သီလ၊ သမာဓိကောင်းသူ ဖြစ်၍မေတ္တာရေးရရှိပြီး အချစ်ရရန် အားနည်း နေမည်။ အိမ်ထောင်ရေးသင့်တင့်မှုရှိနေမည်။ ကျန်းမာရေးအနေဖြင့် အအေးမိခြင်း၊ အဆုတ် အားနည်းခြင်း ဝေဒနာခံစားရတတ်သည်ကိုသတိရှိပါ။             

ယတြာ။      ရွှေရင်အေးလှူပါ။

စနေသားသမီးများအတွက်  အရာရာအကောင်းဘက်များသော်လည်း လုပ်ငန်းကိစ္စ များတွင်ပျမ်းမျှအားဖြင့်သင့်သည်ဟုဆိုသော်လည်းလက်အောက်ငယ်သားများနှင့်သဘောထားကွဲလွဲမှုများရှိတတ် သည်။ တာဝန်များလာခြင်း၊ အလုပ်များလာခြင်းတို့ကြောင့်စိတ်မော ရခြင်းမျိုးရှိတတ်သည်။ မည်သည့်အလုပ်တွင်မဆိုဝင်ငွေ ကောင်းနေမည်။ တစ်ခါတစ်ရံ အပျော်ကြူးမိခြင်း၊ အာရုံခံစားမှုနောက်လိုက်မိ ခြင်းကြောင့်ဘဝတိုးတက်မှုထိခိုက် တတ်သည်။ အလုပ်ကိစ္စများအနှောင့်အယှက် ဖြစ်တတ်သည်။ ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေးတို့ သင့်တင့်နေမည်။     

    ယတြာ။  ဘုရားစေတီတို့တွင် ထီးလှူပါ။