တနင်္ဂနွေသားသမီးများအတွက် မကြာခဏဆိုသလို ငွေများ အလုံး လိုက်အခဲလိုက် ရရှိတတ်သည်။ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားကောင်း လိမ့်မည်။ ပညာရေးကံကောင်းနေမည်။ အောင်မြင် မှုများ ရရှိနိုင် စွမ်းရှိသည်။ အချစ်ရေးတွင်အသည်းကွဲခြင်း၊ ဝေး ကွာသွားရခြင်းမျိုး လည်း ခံစားရတတ်သည်။ အိမ်ထောင်ရေးတွင် အိမ်တွင်းရေး ကိစ္စများ ရှင်းလင်းပြီးသာ ယာမှုရရှိနေတတ်ပါသည်။ ကျန်းမာရေးတွင် အာရုံကြော အားနည်းတတ်သည်။
ယတြာ။ ကြေးနီရောင်အရာဝတ္ထုပစ္စည်းဆောင်ပါ။
တနင်္လာသားသမီးများအတွက် စီးပွားရေးတွင် ကံကောင်းသော အနေအထားမျိုး ရှိနေတတ်ပါသည်။ ပညာÓဏ်စွမ်းအားကောင်း သဖြင့် ပညာရေးထူးချွန်နေတတ်ပါသည်။ အချစ်ရေးတွင်မထင်မှတ် သော နှလုံးသားလှုပ်ရှားမှုရှိလာတတ်သည်။ အိမ်ထောင်ရေး ပျော် ရွှင်နေရတတ်ပါသည်။ ကျန်းမာရေးအနေဖြင့် သွေးနှင့်ပတ်သက်သောဝေဒနာခံစားရမှု ရှိနေတတ်သည်။ ကိုက်ခဲနာကျင်သောရောဂါ များ ဖြစ်တတ်သည်ကိုသတိရှိသင့်ပါသည်။
ယတြာ။ ငွေရောင်ပစ္စည်းဆောင်ပါ။
အင်္ဂါသားသမီးများအတွက် ဇွဲသတ္တိရှိစွာဖြင့် စွမ်းဆောင်နိုင်ခြင်း ကြောင့် စီးပွားရေးလောကတွင် ထင်ပေါ်ကျော်စောမှု ရှိနေတတ် ပါသည်။ ပညာရေးကံကောင်းနေမည်။ ရည်မှန်းချက်ပြည့်ဝနိုင်မည့် ကာလဖြစ်သည်။ အချစ်ရေးတွင် ပျော်ရွှင်စရာများနှင့် ရှိနေမည်။ အိမ်ထောင်ရေး သင့်တင့်နေမည်။ ကျန်းမာရေးတွင် အအေးအပူ မမျှသော ရာသီဥတုကြောင့် ကျန်းမာရေးအနည်းငယ်အညံ့တွင်ရှိနေတတ်ပါသည်။ စိုးရိမ်စရာမရှိပါ။
ယတြာ။ ပန်းရောင်ပစ္စည်းဆောင်ပါ။
ဗုဒ္ဓဟူးသားသမီးများအတွက် စီးပွားရေးလုပ်ငန်းများတွင် တီထွင် လုပ်ကိုင်သောဆက်သွယ်ရေးလုပ်ငန်းများ အထူးအောင်မြင်နေ လိမ့်မည်။ ပင်ပန်းသည်နှင့်အမျှ ဝင်ငွေများရရှိခံစားရလိမ့်မည်။ စီးပွားရေးပညာထူးချွန်နေမည်။ အချစ်ရေးတွင် စိတ်သဘောခြင်း ကွဲလွဲမှုရှိတတ်သည်။ အိမ်ထောင်ရေး ညှိနှိုင်းဆွေးနွေးတိုင်ပင်နေရတတ်သည်။ ကျန်း မာရေးအနေဖြင့် လေအားကြီးသောဝေဒနာ ခံစားရတတ်သည်။
ယတြာ။ ရေညှိစိမ်းရောင်အရာဝတ္ထပစ္စည်းဆောင်ပါ။
ကြာသပတေးသားသမီးများအတွက် ဥစ္စာပစ္စည်းများ ဝင်လာမစဲ တသဲသဲရှိလာလိမ့်မည်။ ပညာရေးကံအားကောင်းနေမည်။ အချစ် ရေးတွင် မိမိက အလိုလိုက်နေရတတ်သည်။ အိမ်ထောင်ရေးတွင် မိမိအပေါ် လွှမ်းမိုးချုပ်ချယ်မှုကိုခံစားနေရတတ်သည်။ ကျန်းမာ ရေးအနေဖြင့် ဝမ်းဗိုက်နှင့်ပတ်သက်သောဝေဒနာ ခံစားရမှုရှိနေတတ်ပါသည်။
ယတြာ။ ရွှေဝါရောင်ပစ္စည်းဆောင်ပါ။
သောကြာသားသမီးများအတွက် အလုပ်သစ်၊ စီးပွားသစ် လုပ် ကိုင်ပါက အဆင်ပြေအောင်မြင်သောအခြေအနေများစွာ ရှိနေ တတ်ပါသည်။ လက်အောက်ငယ်သား၊ မိမိထက် ငယ်သူများနှင့် အဆင်မပြေ ရှိတတ်သည်။ ပညာရေး၊ အချစ်ရေး အိမ်ထောင်ရေး များတွင် သင့်တင့်သောအနေအထားတွင်ရှိနေတတ်ပါသည်။ ကျန်းမာရေးတွင် အစား အသောက်မှားတတ်သည်ကို သတိရှိသင့်သောကာလ ဖြစ်နေတတ်ပါသည်။
ယတြာ။ အဖြူရောင်ပစ္စည်းများများသုံးသင့်ပါသည်။
စနေသားသမီးများအတွက် မကျွမ်းကျင်သော စီးပွားရေးလုပ်ငန်းများ ကို စွန့်စား၍ လုပ်ကိုင်ဆောင်ရွက်ရခြင်းများလည်း ရှိနေတတ်ပါ သည်။ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေရတတ်သည်။ပညာရေးတွင် ရည်မှန်းချက်များမပျောက်ပျက်အောင် ကြိုးစားရလိမ့်မည်။ အချစ် ရေးမကောင်းသေးပါ။ မာယာများသောအချစ်နှင့် တွေ့ရတတ်သည်ကိုသတိထားပါ။ ကျန်းမာရေး ကြီးကြီးမားမားမရှိသော်လည်း အအိပ်အနေအစားဂရုစိုက်ရပါမည်။
ယတြာ။ သက်ကြီးရွယ်အိုတို့ကို အာဟာရကျွေး၍ငွေလှူပါ။
