Main menu

Background

(၇) ရက်သားသမီးများအတွက် စီးပွားရေး အကြံပေးဟောကိန်း ၂၁-၁၁-၂၀၁၁ မှ ၂၇-၁၁-၂၀၁၁ နေ့ထိ ဒေါ်မြတ်မြတ်အေး (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)

Mon, 11/21/2011 - 09:57 -- Anonymous (not verified)
တနင်္ဂနွေသားသမီးများအတွက်   စီးပွားရေး၊ လူမှုရေး၊ အောင်မြင် ကျော်ကြားမှုကိုရရှိမည့်ကာလဖြစ်သည်။ သစ်တောနှင့် ဆိုင်သော လုပ်ငန်း၊ သစ်မြစ်၊ သစ်ဥ၊ ပရဆေးလုပ်ငန်း၊ တိုင်းရင်းဆေးဆရာ များ အထူးကျော်စောမှုရှိမည်။ ဓာတ်သတ္တု ပစ္စည်းများနှင့် ပတ်သက် သော စီးပွားရေးလုပ်ငန်းရှင်များ အထူးအောင်မြင်ကျော်စောနေ ရတတ်ပါသည်။ ရွှေဆိုင်လုပ်ငန်း နှင့်ပတ်သက်သော စီးပွားရေး အထူးကောင်းပါသည်။ ကျန်းမာရေး အနည်းငယ်အညံ့ရှိတတ်သည်။ အပူကြောင့်ဖြစ်သော ရောဂါဝေဒနာ ခံစား ရမှုရှိမည်။ ယင်းကာလတွင် ထွက်ငွေထက် ဝင်ငွေ အားကောင်းလိမ့်မည်။
ယတြာ။ ။ တိုင်းရင်းဆေးလှူဒါန်းပါ။
 
တနင်္လာသားသမီးများအတွက် ဘုရားပုထိုးစေတီ၊ ဖူးမြော်လှူ ဒါန်းရခြင်းရှိမည်။ ခရီး ယာယီအသွားများနေတတ်သည်။ ရေမှ ထွက်သောပစ္စည်းများနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်း၊ ဥယျာဉ်ပန်းမာလာ စိုက်ပျိုးခြင်းလုပ်ငန်းများ တွင်ကျယ်မည်။ တိုးချဲ့ လုပ်ကိုင်ရတတ်သည်။ ၎င်းတို့မှ စီးပွားရေးအောင်မြင်မှုရရှိပြီး ဝင်ငွေ အားကောင်းပါလိမ့်မည်။ ယင်းကာလတွင် စိတ်၏ငြိမ်သက်တည်ကြည်ခြင်း၊ ပင်လယ်ရေချိုးခြင်းဖြင့် အနားယူသင့်ပါသည်။ ကျန်းမာရေး သင့်တင့်မှု ရှိပါလိမ့်မည်။
ယတြာ။ ။ မိမိအိမ်တွင်း သံဆန်ကာကို ငွေမှင်သုတ်လိုက်ပါ။
 
အဂါၤသားသမီးများအတွက် ထိခိုက်ဒဏ်ရာသော် လည်းကောင်း၊  အငြင်းအခုန်ပြုရခြင်း၊ ဆွေမျိုး၊ အသိုင်းအဝိုင်းကြောင့် စိတ်ပင်ပန်းရခြင်းမျိုး ရှိတတ်ပါသည်။ မြေမှထွက်သောပစ္စည်းနှင့် အဆောက် အအုံနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများအကျိုးပေး အားကောင်းလိမ့်မည်။ စိတ်နေစိတ်ထား မြင့်မြတ်ခြင်း၊ ရဲစွမ်းသတ္တိရှိ ခြင်းတို့ကြောင့် ထင်ပေါ်ကျော်စောမှု အားကောင်းနေလိမ့်မည်။ ယခုကာလအတွင်း ဝင်ငွေသင့်တင့်မှု ရှိနေတတ်ပါသည်။
ယတြာ။ ။ ပရုတ်ဆီသဏ္ဌာန်လူးဆေးများ လှူဒါန်းပါ။
 
ဗုဒ္ဓဟူးသားသမီးများအတွက် ထိုးထွင်းဉာဏ်အား ကောင်းနေတတ်သည်။ ပညာသင်ကြားရာတွင် တတ်လွယ်မည်။ ပညာရှိတို့ ၏ ချီးကျူးခံရခြင်းရှိမည်။ ကွန်ပျူတာလုပ်ငန်း၊ ပုံနှိပ်တိုက်လုပ်ငန်း၊ စာပေနှင့်ပတ်သက်သောလုပ်ငန်းများနှင့် စီးပွားရေး  လုပ်ကိုင်ပါက အောင်မြင်မှုများကို ရရှိစေလိမ့်မည်။ ကျန်းမာရေး ကောင်းသော် လည်း အရေပြားဆိုင်ရာရောဂါဝေဒနာ ခံစားရမှုများရှိနေတတ်ပါသည်။ ဝင်ငွေထွက်ငွေ အားကောင်းနေလိမ့်မည်။
ယတြာ။ ။ ရေလှူပေးပါ။
 
ကြာသပတေးသားသမီးများအတွက် ကျန်းမာရေး သင့်တင့်မှု ရှိနေမည်။ လေ၊ သလိပ်အားကြီးသော ဝေဒနာခံစားရမှု ရှိနေတတ်ပါသည်။ စာပေကျမ်းဂန် လေ့လာလိုက်စားမှု ရှိနေတတ်သည်။ စီးပွားရေးတွင် ငွေချေးခြင်းလုပ်ငန်း၊ နက္ခတ်ပညာသင်ကြားခြင်း၊ ၎င်းပညာဖြင့် လုပ်ကိုင်ခြင်း၊ ဘုရင်မင်းစိုးရာဇာတို့၏ ချစ်ခင်မြတ် နိုး မြှောက်စားခြင်းကို ခံရလိမ့်မည်။ ကုန်သွယ်မှုစီးပွားရေးလုပ်ငန်းများ အထူးအောင် မြင်မှုရရှိနေလိမ့်မည်။ ပစ္စည်းဥစ္စာများကို အစဉ်မပြတ် ရှာဖွေစုဆောင်းခြင်းရှိနေတတ် သောသဘော ရှိနေလိမ့်မည်။
ယတြာ။ ။ ဝါရွှေသောပစ္စည်းများ လှူဒါန်းပေးပါ။
 
သောကြာသားသမီးများအတွက် မိန်းမများနှင့် စီးပွားရေးပေါင်း စပ်လုပ်ကိုင်ခြင်း၊ ဂီတသုခုမအနုပညာလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ယာဉ်ရောင်းဝယ်ခြင်းလုပ်ငန်းများမှ ဝင်ငွေရရှိပြီး အကျိုးပေး အား ကောင်းနေတတ်သည်။ ရေမွှေးနံ့သာ ထုတ်လုပ်ရောင်းဝယ်ခြင်း အားဖြင့် အထူးဝင်ငွေ အားကောင်းနေတတ်သည်။ကျန်းမာရေး ကောင်းမည်။ စိတ်ချမ်းသာပျော်ရွှင်မှု ရှိမည်။ သွေးနှင့်ပတ်သက်သော ရောဂါဝေဒနာ ကို ဂရုစိုက်သင့်သည်။ ပေါ့လျော့မှုကြောင့် ရောဂါဝေဒနာ ခံစားရတတ်သည်။
ယတြာ။ ။ မိမိအိမ်ရှိ ဘုရားတွင် အောင်သပြေပန်းလှူပါ။
 
စနေသားသမီးများအတွက် သူများအကျိုး သယ်ပိုးဆောင် ရွက်မှုရှိလိမ့်မည်။ သူတစ်ပါးအပေါ် ယုံကြည်မှု အားနည်းတတ် သည်။ ကျန်းမာရေး ဂရုစိုက်သင့်ပါသည်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိတတ်သည်။ လက်အောက်ငယ်သားများ၏ အကျိုးခံစား ရမှုရှိတတ်ပါသည်။ သံထည်ပစ္စည်းများနှင့်ပတ်သက်၍သော် လည်းကောင်း၊ ဆေးဝါးကုသ ဖော်စပ်ခြင်းလုပ်ငန်းများ အထူးအောင်မြင်မှုရရှိလိမ့်မည်။ ပဲ၊ ပြောင်း၊ နှမ်းလုပ်ငန်းများ အကျိုးဖြစ်ထွန်းနိုင်သောကာလ ဖြစ်နေတတ်ပါသည်။
ယတြာ။ ။ ထမနဲဆွမ်းကပ်ပေးပါ။