Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(5-8-13)

Tue, 08/06/2013 - 12:17 -- ydnar

ဗီယက်နမ်၊ ထိုင်းနဲ့ အိန္ဒိယမှ ဘိလပ်မြေများဝင်
ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့အ တွင်း ကန်ဒေါ်လာ နှစ်ဆယ့်ခြောက်သိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၃၂၅၉၂ ဒသမ ၂၀ ကိုတင်သွင်းလာခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေ ၁၉ ဒသမ ၉၂၄ တန်၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၅၉၅၀ နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၆၇၁၈ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိ လပ်မြေတင်သွင်းမှုက တန်ချိန် လေးထောင့်ခုနှစ်ရာကျော်သာရှိခဲ့တာကြောင့် ဒီ တစ်ပတ်မှာ တန်ချိန် နှစ်သောင်းခုနှစ်ထောင်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေအများဆုံးဝင်လာခဲ့ပါတယ်။  MIRT (DOT)ဈေးကွက်ပြောင်းလဲမှုမရှိဘဲ ပုံမှန်လေးပဲ ရောင်းဝယ်နေတဲ့ဘိလပ်မြေ
 
ဇူလိုင်လ ၂၁ ရက်မှ ဇူလိုင်လ ၂၇ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေ လမ်းမှ ဘိလပ်မြေတန်ချိန် သုံးသောင်း နှစ်ထောင်ကျော်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာတော့ ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင် တန်ချိန် လေးထောင်ခုနှစ်ရာကျော် အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်သောင်းခုနှစ်ထောင်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ်ပတ်မှာ တန်ချိန် ငါးထောင့်လေးရာငါးဆယ်အဝင် ရှိခဲ့ပြီး ယခုတစ်ပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ငါးထောင်သုံးရာ ရှစ်ဆယ်ကျော် အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ရာလေးဆယ်အဝင်လျော့ ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပေမဲ့ နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယခင်တစ်ပတ်ဈေးအတိုင်း စိန်(ယိုးဒယား)၇၃၀၀ကျပ်၊  အေသုံးလုံး ဘိလပ်မြေက ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်း မှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ဆက်ပြီး အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးပေမဲ့ ဒီတစ်ပတ်မှာ ဆင်(ထိုင်း) ဘိလပ်မြေက ယခင်တစ်ပတ်ဈေးထက် ငါးဆယ်၊ တစ်ရာ ဝန်းကျင် မြင့်ခဲ့တာလို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် တဲ့ ဈေးကဆင်(ထိုင်း)ဘိလပ်မြေ ၅၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၃၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  သိရ ပါတယ်။ ဒီတစ်ပတ်မှာ မြင်းခေါင်းဘိလပ်မြေသာ ဈေးအနည်းငယ်မြင့်ခဲ့ပေမဲ့ ကျန် ဘိလပ်မြေများက ယခင်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်။ ဈေးကွက်ထဲ စိန်(ထိုင်း) ဘိလပ်မြေက ဆင်(ထိုင်း) ဘိလပ်မြေ ထက် ဈေးအနည်းငယ်မြင့်သလို ရောင်းအား လည်းရှိတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခင် တစ်ပတ်ဈေးအတိုင်း ဖြစ်တယ်လို့ ၆၂ လမ်း ၂၈-၂၉ ကြား အုတ်သဲကျောက် ရောင်းဝယ်ရေး အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေ ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာဆင်(ထိုင်း)ဘိလပ်မြေနဲ့ မြင်းခေါင်းဘိလပ်မြေက ဈေး ငြိမ်နေပေမဲ့ ဆင်(မြန်မာ)ဘိလပ်မြေက ဈေးအနည်းငယ်လျော့ပြီး အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးမှာ ဆင်(ထိုင်း) ၆၅၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၅၄၀၀ ကျပ်၊ ဆင် (မြန်မာ) ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်အရောင်းအဝယ်ပုံမှန်ရှိတယ် လို့ သိရပါတယ်။ ဈေးအတက်အကျက ငါးဆယ်တစ်ရာဝန်းကျင်သာရှိတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးက ဆင်(ထိုင်း) ဘိလပ်မြေ ၅၆၅၀ ကျပ်၊ စိန်(ထိုင်း)ဘိလပ်မြေ ၅၆၀၀ ကျပ်၊ ရိန်းဘိုး (အိန္ဒိယ) ဘိလပ်မြေ ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင်ပွဲရုံတန်းမှ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။                                                           MIRT(DTP)