ဓာတ်မြေသြဇာဈေးနှုန်းများ (5-8-13)

နိုင်ငံစုံမှ မြေသြဇာအဝင်များ
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့တာ ကာလအတွင်း ကန်ဒေါ်လာ ခုနှစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၃၆၁၆ ဒသမ ၃၈ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ဗီယက်နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၅၀၀ ၊ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၁၄၁၄ ဒသမ ၈၊ ဘယ်လ်ဂျီယံနိုင်ငံမှ မြေသြဇာတန်ချိန် ၂၅၀ ၊ မလေးရှားနိုင်ငံမှ မြေသြ ဇာတန်ချိန် ၂၁ ဒသမ ၂၁ ဆွီဒင်နိုင်ငံမှ မြေသြဇာတန်ချိန် ၅၂၂ ဒသမ ၃၁ တန် နဲ့ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၉၀၈ ဒသမ ၀၆ ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်မြေသြဇာအဝင်က တန်ချိန် နှစ်ထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာတန်ချိန် ခုနှစ်ရာကျော်အဝင်များခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)
 
ရာသီမိုးကဆက်တိုက်ရွာနေသလို ဈေးကွက်မှာလည်း  တော်တော်လေး သွက်လာတဲ့ ဓာတ်မြေသြဇာ
ပြည်တွင်းကို ဇူလိုင်လ ၂၁ရက်မှ ဇူလိုင်လ ၂၇ ရက်အတွင်း ရေလမ်းမှ မြေသြဇာတန်ချိန် သုံးထောင့်ခြောက်ရာကျော်ဝင်ခဲ့တယ်လို့ သိရပါတယ်။ယခင် တစ်ပတ်မှာ မြေသြဇာအဝင်ကတန်ချိန် နှစ်ထောင့်ရှစ်ရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်ခုနှစ်ရာငါးဆယ်ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ယခုတစ် ပတ်နယ်စပ်လမ်း မှ မြေသြဇာအဝင်ကတန်ချိန်တစ်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့ပြီး  ယခင်တစ်ပတ်မြေသြဇာ အဝင်မှာတန်ချိန်နှစ်သောင်းတစ်ထောင်ကျော်ရှိခဲ့တာ ကြောင့်ဒီတစ်ပတ်မှာတန်ချိန်ေ လးထောင်သုံး ဆယ်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ နယ်စပ်လမ်းက မြေသြဇာအဝင်လျော့ခဲ့ပေမဲ့ ရေလမ်းမှ မြေသြဇာအဝင်ပိုခဲ့ပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ တောင်ကြီး၊ ဈေးငြိမ်နေ ပေမဲ့  မကွေး၊ မန္တလေးဘက်မှာတော့ ဈေးနည်းနည်း ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မြေသြဇာအရောင်းအဝယ် အေးလာတယ်လို့ို့သိရပါတယ်။    မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မှာ မြေသြဇာအရောင်းအဝယ် တော်တော်လေးအေးတယ်လို့သိရပါတယ်။ ဒီတစ်ပတ်မြေသြဇာဈေးက အတက် အကျမရှိဘဲ ယခင်တစ်ပတ်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ် ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာပုလဲ-အသေး ၄၆% (ရွှေတုံး ၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်း ရောင်)(ထိုင်း) ၃၁၅၀၀ ကျပ်၊ ကွန်ပေါင်း  ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)၂၁၅၀၀ကျပ် ၊တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ဈေးကွက်အတွင်းမှစုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာအရောင်းအဝယ်ပုံမှန်ရှိ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့လည်း မြေသြဇာဈေးကမပြောင်း ဘူး။ယခင်တစ်ပတ်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေ တယ်လို့သိရပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၈၇၀၀ ကျပ်၊ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၁၈၇၀၀  ကျပ်၊ ယူရီးယား-ပုလဲ(ရွှေ တောင်-တရုတ်)၁၈၇၀၀ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၈၅၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ကျပ်၊ ယူရီးယား(ယူအေအီး) ၁၈၅၀၀ကျပ်၊မြားကမ္ဘာ ၁၃၅၀၀ကျပ် ဈေးရှိတယ်လို့အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာမြေသြဇာကဒီတစ်ပတ်မှာအရောင်းသွက်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်မြားကမ္ဘာ မြေသြဇာဈေးက အနည်းငယ်ကျလာသလို အာမို (၁၀း၁၀း၅)၊အာမို ၁၅ ပတ်လည်မြေသြဇာကလည်းအနည်းငယ်ဈေးကျလာ တယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်ဈေး အနည်းငယ်မြင့်လာတဲ့မြေသြဇာတွေက အာမို(၁၆း၁၆း၈)၊ ယူရီးယား၊ အောင်ကမ္ဘာ၊ ပိုတက်နဲ့တောင်သူမ မြေသြဇာတွေက ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ တစ်ပတ်အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးမှာ မြားကမ္ဘာ-တရုတ်(၁၂း၁၃-အပြာ) ၁၄၅၀၀ ကျပ်၊ မြားကမ္ဘာ-တရုတ်(၁၂း၁၃-အစိမ်း) ၁၄၅၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅)၁၄၃၀၀ကျပ်၊အာမို (၁၀း၁၀း၅) ၁၅၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၄၇၀၀ ကျပ်၊ အာမို (၁၆း ၁၆း၈) ၃၃၈၀၀ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၁၉၉၀၀ ကျပ်၊ ယူရီး ယား-ပုလဲ (ရွှေတောင်) ၁၉၆၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၀၅၀၀ ကျပ်၊ အောင်ကမ္ဘာ(၁၀း၁၀း၅) ၁၅၉၀၀ ကျပ်၊ ပိုတက် ၂၅၈၀၀ ကျပ်၊ တောင်သူမ ၁၄၅၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ် လို့ စုံစမ်းသိရှိ ရပါတယ်။မန္တလေးဈေးကွက်မှာမြေသြဇာ ကဒီတစ်ပတ်မှာအရောင်းအဝယ်ပိုသွက် တယ်လို့မြေသြဇာရောင်းဝယ်ရေးလုပ် ငန်းရှင်တစ်ဦးကပြောပါတယ်။ဒီတစ်ပတ် မှာအရောင်းအဝယ်သွက်ပေမဲ့မြေသြဇာ ဈေးကအနည်းငယ်ကျလာတယ်။ ဒီလို ဈေးကျတာကလည်းတရုတ်ငွေဈေးနည်း နည်းကျလာတာကြောင့်ဖြစ်တယ်လို့သိရ ပါတယ် ။ဈေးကျတာကလည်း တစ်ရာ နှစ်ရာဝန်းကျင်ကျလာတာပါ။ဒီတစ်ပတ် မှာ တီစူပါက အရောင်းသွက်တယ်လို့ သိရပါတယ်။အရောင်းသွက်တာကြောင့် လည်းဈေးနည်းနည်းမြင့်လာတယ်လို့ ဆို ပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးများမှာ ယူရီးယား (ရွှေတောင်-တရုတ်)၁၉၃၀၀ကျပ်၊ ယူရီး ယား(ပန်းဖူး-တရုတ်)၁၉၄၀၀ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၅၀၀ ကျပ်၊ တီစူပါ (GSSP ၁၂ %-တရုတ်) ၇၇၀၀ ကျပ်၊ ကွန်ပေါင်း (၁၀း ၁၀း၅) ၁၃၂၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ MIRT(DTP)