Main menu

Background

နို့ဆီတန်ချိန် လေးရာ့ခုနှစ်ဆယ်ကျော်ဝင်

Tue, 08/06/2013 - 12:23 -- ydnar

ပြည်တွင်းကို ပင်လယ်ရေကြောင်း လမ်း မှ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက် နေ့တာကာလအတွင်းမှာ နို့ဆီ/စိမ်း ၄၇၀ ဒသမ ၉၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာငါးသိန်းသုံးသောင်း ကျော် ဖိုး ကို ဒီတစ်ပတ်မှာတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ တာဖြစ်ပါတယ်။ နို့မှုန့်ကဒီတစ်ပတ်မှာစင်ကာပူ နိုင်ငံ မှ ၆ ဒသမ ၇၈ တန်၊ ဒိန်းမတ်နိုင်ငံ မှ ၁၁ ဒသမ၅၀၈တန်နဲ့ ဗီယက်နမ်နိုင်ငံ မှ ၁ ဒသမ ၉၇၃ တန် စုစုပေါင်း ၂၀ ဒသမ ၂၆၁ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာငါးသောင်းလေးထောင်ကျော် တန်ဖိုးရှိနို့မှုန့်များကိုတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်နို့မှုန့်အဝင်က တန်ချိန်လေးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်လျော့နည်း ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)