Main menu

Background

ကွက်ကြားမိုးနဲ့အောင်တဲ့ ငါန်းဇွန်နှမ်း

Tue, 08/06/2013 - 12:25 -- ydnar

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့နယ် မြို့သာမြို့ဝန်းကျင်က မိုးနှမ်း စိုက်တောင်သူများဟာ စိုက်ပျိုးချိန်မှာ ကွက်ကြားမိုးရွာခဲ့လို့ အထွက်နှုန်း ကောင်းမွန်ခဲ့ပါတယ်။ အောင်ချမ်းသာ ရွာ၊ နှမ်းတောင်သူ ဦးဝင်းဦးက နှမ်း စိုက်ရာမှာ အခြောက်ကြဲခြင်းနဲ့ အစိုကြဲ ခြင်းမှ ထွက်နှုန်းကွာခြားမှုရှိကြောင်း၊ အခြောက်ကြဲခြင်းမှာ မိုးမရွာခင်ကြိုတင် ပြီး စိုက်ခြင်းဖြစ်ပြီး၊

အစိုကြဲခြင်းမှာ မိုး ရွာပြီးမှ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ဒီနှစ် မှာ အခြောက်ကြဲတောင်သူများ ပိုမို ထွက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသ ကြီး၊ ငါန်းဇွန်မြို့နယ် မြို့သာမြို့ဟာ မိုး ကောင်းရေေ သာက်ဒေသဖြစ်တာကြောင့် ဆည်ရေသောက် ဒေသများဖြစ်တဲ့ ကျောက်ဆည်၊ မြစ်သားစတဲ့ မြို့နယ် များလိုရေသွင်းစိုက်ပျိုးသလို ထွက်နှုန်း မှာ ပုံမှန်အတိုင်းရှိမနေဘဲ ရာသီဥတုနဲ့ မိုးလေဝသကောင်းမှသာ အထွက် ကောင်းကြောင်း၊ ဒီနှစ်မှာ မိုးကြိုစိုက် ခြင်းမှ ထွက်နှုန်းတစ်ဧကကို ၅ တင်းမှ ၅တင်းခွဲအထိထွက်ခဲ့ပြီး၊ မိုးတစ်ဖြိုက် နှစ်ဖြိုက်ရွာပြီး စိုက်ခြင်း(အစိုကြဲစိုက်)မှ အထွက်နှုန်းက ၃ တင်းမှ ၃ တင်းခွဲ အထိ ထွက်ရှိကြောင်း ပြောပြပါတယ်။ မြို့သာမြို့မှ တောင်သူများဟာ တံတားဦး၊ မန္တလေးမြို့ကို တင်ပို့ရောင်း ချကြရာ ယခုနှစ် နှမ်းပေါ်ချိန် နှမ်း ဈေးကွက်က ဇူလိုင်လ လဆန်း နှမ်း ပေါ်စမှာ ၃ တင်း တစ်အိတ်ကို ၁၀၈၀၀၀ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး၊ နှမ်းလှိုင်လှိုင်ပေါ်ချိန် ဇူလိုင်လကုန်မှာ ၃ တင်းတစ်အိတ် ၉၈၀၀၀ ကျပ်ကို ဈေးအနည်းငယ်အေးခဲ့တယ်လို့ သိရ ပါတယ်။  အာကာကျော် - မန္တလေး