Main menu

Background

စစ်ကိုင်းနှမ်းလျင်အရောင်းအဝယ်သွက်

Tue, 08/06/2013 - 12:25 -- ydnar

ကနီ၊ ယင်းမာပင်၊ အရာတော်၊ ဘုတလင်မြို့နယ်များမှ မိုးနှမ်းမတိုင်မီ ထွက်ပေါ်တဲ့ နှမ်း(နှမ်းလျင်)များ မုံရွာ ကုန်စည်ဒိုင်ကို တစ်ရက်ပျမ်းမျှတင်း ၅၀၀ ကျော် ဝင်ရောက်လျက်ရှိပါတယ်။ နှမ်းဈေးကောင်းပြီး အရောင်းအဝယ် သွက်လို့ လှောင်လက်သမားများလည်း ထုတ်ရောင်းကြကြောင်း၊ Export တရုတ်ဝယ်လက်အဆွဲရှိလို့ မုံရွာ ကုန် စည်ဒိုင်မှာအရောင်းအဝယ်အကောင်းဆုံး သီးနှံဖြစ်တဲ့ နှမ်းဖြူ၊ ညို၊ နီ၊ ဝါသီးနှံဖြစ် ပြီး၊

ယခုအပတ်အတွင်း တစ်ရက် ပျမ်း မျှ အိတ် ၇၀၀ ကျော်အရောင်းအဝယ် ဖြစ်နေပါတယ်။ ပေါက်ဈေးနှုန်းများ အနေနဲ့ ယခုအပတ်အတွင်း နှမ်းတစ် ပိဿာ အနိမ့်အမြင့်ဈေးများမှာ နှမ်းဖြူ ၂၇၃၃ ကျပ် - ၂၈၃၃ ကျပ်၊ နှမ်းညို ၁၉၆၇ ကျပ် - ၂၀၀၀ ကျပ်၊ နှမ်းနီ ၂၀၀၀ ကျပ်၊ နှမ်းဝါ ၂၀၆၇ ကျပ် - ၂၁၀၀ ကျပ်၊ နှမ်းဆီ ၃၆၀၀ ကျပ် (လက်ကား)၊ ၄၅၀၀ ကျပ် (လက်လီ)၊ ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး၊ မုံရွာ ကုန်စည်ဒိုင်မှ မန္တလေးကို ယနေ့ သြဂုတ် ၁ ရက်နေ့မှာ နှမ်းမျိုးစုံတင်း ၁၀၀၀ ကျော်စီးထွက်ခဲ့ ကြောင်း သိရပါ တယ်။        သန်းသန်းတင် - မုံရွာ