Main menu

Background

မူဆယ်စခန်းမှ နှမ်းတင်ပို့မှု ပိုမို

Tue, 08/06/2013 - 12:28 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၂၄ ရက်မှ ၃၀ ရက်  တာကာလမှာ ကန်ဒေါ်လာ ၄ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ တဲ့ နှမ်းရောင်စုံ ၂၂၄၂ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။

တင်ပို့ခဲ့တဲ့နှမ်းရောင်စုံတွေက တော့ နှမ်းညို ၉၇၀ တန်၊ နှမ်းနက် ၈၅၃ တန်ကျော်၊ နှမ်းဖြူ ၄၁၉ တန်ကျော်တို့ ဖြစ်ပါတယ်။ ယခင်အပတ်က နှမ်းနက် ၈၃၁ တန်၊ နှမ်းညို ၆၂၇ တန်ခွဲနဲ့နှမ်းဖြူ ၄၈၄ တန်ကျော်တင်ပို့ခဲ့လို့ ယခုအပတ်မှာ တန်ချိန် ၃၀၀ ပိုမိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းတင်ပို့ခဲ့တဲ့ နှမ်းတန်ချိန် ၈၆၀၁ တန် ကျော်ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးဒေသမှာတော့ နှစ်စဉ်နှစ်တိုင်းမိုးစပါးစိုက်ချိန် မရောက်ခင် လယ်မြေတွေမှာ မြန်မြန်ရိတ်သိမ်းစားသုံးနိုင်တဲ့ မိုးနှမ်းကိုစိုက်ပျိုးလေ့ ရှိပါတယ်။ (နှမ်းမျိုးများ) နှမ်းသေး၊ နှမ်းလတ်နဲ့ နှမ်းကြီးလို့ခေါ်တဲ့ ရက် ၁၀၀ ၊ ၁၂၀ ခန့်မှရိတ်သိမ်းလို့ရတဲ့ နှမ်းနက်တွေကိုစိုက်ပျိုးကြပြီး လယ်တဲမှာတော့စပါးစိုက် ရာသီနဲ့အကိုက်ရိတ်သိမ်းရတဲ့ ၇၅ ရက် နှမ်းနီကိုထည့်သွင်းစိုက်ပျိုးခဲ့ကြပါတယ်။ စပါးစိုက်ရမဲ့အချိန်ရောက်လာရင်တော့ နှမ်းကိုရိတ်သိမ်းရပါတယ်။ နှမ်းလတ် ရက် ၉၀ နဲ့ ရက် ၁၀၀ ကျော်တဲ့နှမ်းကြီးမျိုးတွေကတော့ လယ်တဲမှာ မစိုက်ပျိုးကြပါဘူး။ တောင်ယာခြံတွေမှာပဲအများဆုံးစိုက်လေ့ရှိကြတယ်လို့ လင်းခေးမှတောင်သူတွေက ပြောပါတယ်။ မူဆယ်ရွှေလီနှစ်နိုင်ငံနှမ်းဈေးတွေကိုကြည့်မယ်ဆိုပါက ယခင် အပတ် ဈေးထက် အနည်းငယ်မျှ မြင့်တက်နေပါတယ် -
 
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    အမျိုးအမည်        ယခု            ယခင်    ပြောင်းလဲမှု    %       ယခု       ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ      ၁၉၈၁၅၇၈    ၁၉၇၉၇၀၀     ၁၈၇၈      ၀ .၁    ၂၀၅၂    ၂၀၄၉         ၃            ၀ .၁နှမ်းနက်    ၂၀၂၉၀၁၆    ၂၀၂၇၀၉၃      ၁၉၂၃      ၀ .၁    ၂၁၀၁    ၂၀၉၈        ၃            ၀ .၁မော်မော်အောင်၊MIRT (DCCA)