Main menu

Background

မလေးရှားစားအုန်းဆီ တင်ပို့မှု မြင့်တက်လာ

Tue, 08/06/2013 - 12:29 -- ydnar

ပို့ကုန်ဝယ်လိုအား ပြန်လည်မြင့်တက်လာတဲ့အတွက် မလေးရှားစားအုန်းဆီ ဈေးက ဇူလိုင် ၃၁ ရက်က ပြန်လည် မြင့်တက်လာကြောင်းနဲ့ ကမ္ဘာ့ဆီထွက်သီးနှံ ရောင်းလိုအား မြင့်တက်မဲ့ အလားအလာကြောင့် ဈေးနှုန်းများကို အထိန်းအကွပ် ဖြစ်စေခဲ့ကြောင်း၊ ဘိဇနက်ရီကော်ဒါ သတင်းမှာ ဖော်ပြထားပါတယ်။

မလေးရှားစားအုန်းဆီတင်ပို့မှုက ဇွန်မှာ တန်ချိန် ၁၃ ဒသမ ၅သိန်းရှိရာမှ ဇူလိုင်မှာ တန်ချိန် ၁၄ သိန်းထိ ရောက်ရှိကာ ၄ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ ပါကြောင်း၊ ကုန်စည် စစ်တမ်းကောက်ယူရေး အေဂျင်စီ  Intertek  Testing  Services က ပြောပါတယ်။ ဇူလိုင် ၁ ရက်မှ ၁၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှု ၂၄ ရာခိုင်နှုန်း ကျဆင်း နေရာမှ ပို့ကုန်အလား အလာ ပြောင်းလဲလာတဲ့အတွက် အမေရိကန်ပြည်ထောင်စု အနောက်ဘက် အလယ်ပိုင်းဒေသမှာ ပဲပုပ်အထွက်ကောင်း တဲ့အတွက် လစဉ် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားတဲ့ စားအုန်းဆီဈေးတွေ ပြန်လည်မြင့်တက်လာစေခဲ့တယ်လို့ ကွာလာလမ်ပူက ကုန်သည်တစ်ဦးက ပြော ပါတယ်။ Bursa   Malaysia  ကုန်စည်ဒိုင်မှာ ဈေးပိတ်ချိန်က အောက်တိုဘာအတွက် အခြေခံဈေးနှုန်းက ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၂၂၃၈ ရင်းဂစ်(၆၉၀ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်းဈေးနှုန်းမှာ တစ်တန်ကို ၂၂၄၅ ရင်းဂစ် ထိမြင့်တက်ပြီး၊ ဇူလိုင် ၂၄ ရက် နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ စုစုပေါင်း ရောင်းချတဲ့ ပမာဏ ၂၅ တန်ပါအတွဲ ၃၀၃၂ ဒသမ ၃ တွဲရှိခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးကျဆင်းမှုကို အကြောင်းပြုပြီး၊ ရင်းဂစ်နဲ့ တန်ဖိုးသတ်မှတ်တဲ့ ဈေးနှုန်းဟာ ပင်လယ်ရပ်ခြား ဝယ်လက်နဲ့ သန့်စင်ရေးစက်ရုံများအတွက် ဈေးနှုန်း ချိုသာမှုရှိစေခဲ့ပါတယ်။ ဟင်းရွက်ဆီဈေးကွက်မှာ ဒီဇင်ဘာ အတွက်အမေရိကန် ပဲပုပ်ဆီမှာ သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဇန်နဝါရီလအတွက် ပဲပုပ်ဆီ ဈေးမှာ တရုတ်ဒါလီယံကုန်စည်ဒိုင်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ UNT