ဆန်အရည်အသွေးဓာတ်ခွဲစမ်းသပ်မှု အဖြေများနှင့်ပတ်သက်၍ ထိုင်းအစိုးရမှထပ်မံစစ်ဆေးမည်
ထိုင်းနိုင်ငံတွင် ပြည်ပသို့ တင်ပို့ ရောင်းချရန်ထုပ်ပိုးထားသော ဆန် များတွင် မီသိုင်းဘရိုမိုက်ပါဝင်နေသည် ဟူသော စားသုံးသူအဖွဲ့၏ဓာတ်ခွဲစမ်း သပ်မှုအဖြေနှင့်ပတ်သက်၍ အစိုးရမှ လက်မခံဘဲ ထပ်မံစစ်ဆေးမည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ တွင်ဖော်ပြထားချက်အရ သိရသည်။
အဆိုပါသတင်းတွင် ထိုင်းနိုင်ငံ ၏ပြည်ပတင်ပို့ရန်ထုပ်ပိုးထားသော ဆန်များ၏လေးပုံသုံးပုံခန့်သည် မီသိုင်း ဘရိုမိုက်ပါဝင်နေသည်ဟု စားသုံးသူ အဖွဲ့က စမ်းသပ်စစ်ဆေးရာတွင်တွေ့ရှိခဲ့ ခြင်းအား အစိုးရထံတင်ပြခဲ့သည်။ယင်းအချက်ကို အစိုးရမှလက်ခံ ခြင်းမပြုဘဲ ထပ်မံစစ်ဆေးရန်ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဆန်များကို စမ်းသပ် စစ်ဆေးရန်အတွက် မည်သည့်ဓာတ်ခွဲ ခန်းအား လုပ်ငန်းအပ်နှံသည်ကို သိလို ပါကြောင်း၊ ယခုအချိန်အထိ ဆန်၌ ဓာတုဓာတ်ကြွင်းပါဝင်မှုကို စစ်ဆေးရန် ပြည်တွင်းဓာတ်ခွဲခန်းငါးခုကိုသာ အသိ အမှတ်ပြုထားကြောင်း၊ အဆိုပါဓာတ်ခွဲ ခန်းများကို လယ်ယာစိုက်ပျိုးရေးဌာန၊ ဆန်စပါးဌာန၊ Department of Science Services ၊ အမျိုးသားလယ် ယာထွက်ကုန်ပစ္စည်းနှင့်အစားအစာ စံ ချိန်စံညွှန်းဌာနတို့မှ တာဝန်ယူဆောင် ရွက်နေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး Mr. Yanyong Phuangrach ကပြော ကြားခဲ့သည်။ထို့ပြင် ဓာတ်ခွဲစမ်းသပ်မှုအဖြေ များ သေချာမှုရှိစေရန်အတွက် သက် ဆိုင်ရာဌာနများမှ ထပ်မံစစ်ဆေးစမ်း သပ်ရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ ၎င်း တို့အနေဖြင့် ထုပ်ပိုးထားသော ဆန်များ ရယူသည့်နေရာ၊ စမ်းသပ်တွေ့ ရှိသည့်ဓာတ်ကြွင်းပမာဏတို့ကို ထုတ် ဖော်ပြောကြားရန် လိုအပ်ကြောင်း၊ စားသုံးသူအဖွဲ့အနေဖြင့် လယ်ယာစိုက် ပျိုးရေးဌာနနှင့်ဆန်စပါးဌာနများသို့ ဆန်နမူနာများကို ပေးပို့ရန် တောင်းဆို ထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Nattawut Saikuar က ပြော ကြားခဲ့သည်။ The Foundation for Consumers (FFC) နှင့် Bio Thai and Chald Sue တို့ကလည်း ဆန်နမူ နာ ၄၆အိတ်အား စစ်ဆေးစမ်းသပ်မှု မှ ရရှိသည့်ဓာတ်ခွဲခန်းအဖြေများကို ထုတ်ပြန်ပေးခဲ့ရာတွင် ဆန် ၃၇အိတ် သို့မဟုတ် ၇၃ ဒသမ ၉ ရာခိုင်နှုန်းတွင် မီသိုင်းဘရိုမိုက်သုညဒသမ ၉၆၇ ppm (Parts pre million) ရှိကြောင်း၊အဆိုပါ ဆန်များအနက် Co-co(Pimpa White Rice) ဆန်တစ်မျိုးတည်းသာ Codex General Standard for Food မှ သတ်မှတ်ခွင့်ပြုသောပမာဏ ၅၀ ppm(50ml/kg) ကျော်ပါဝင် ကြောင်း၊ သို့သော် မည်သည့်ဆန်တွင်မှ မှိုသတ်ဆေး သို့မဟုတ် ပိုးသတ်ဆေး ဓာတ်ကြွင်းများ ပါဝင်ခြင်းကို မတွေ့ရှိ ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြ ခဲ့သည်။အဆိုပါဆန်နမူနာများကို လက် လီလက်ကားရောင်းဝယ်သူများနှင့် 7-Eleven ဆိုင်များတွင် ဇွန်လ ၁၉ရက် နှင့် ၂၇ရက်နေ့တို့တွင် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ယင်းသို့ကောက် ယူခဲ့ပြီးနောက် တက္ကသိုလ်နှင့်ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခဲ့ ခြင်းဖြစ်ကြောင်းပြောကြားခဲ့သော်လည်း ဓာတ်ခွဲခန်းအမည်များကိုမူ ထုတ်ဖော် ပြောကြားရန် ငြင်းဆိုခဲ့ကြောင်း သိရ သည်။ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်အများ ဆုံးတင်ပို့သည့်နိုင်ငံဖြစ်သော်လည်း မီ သိုင်းဘရိုမိုက်ပါဝင်မှုပမာဏနှင့်ပတ် သက်၍ စည်းမျဉ်းသတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။၎င်း တို့အနေဖြင့် စစ်ဆေးစမ်း သပ်မှု နည်းလမ်းများနှင့် အဖြေများကို ကြည့် ရှုရန် လိုအပ်ကြောင်း၊FFC မှ စစ်ဆေးထားသည့်နမူနာများကို ထပ်မံ စစ်ဆေးရန်ရယူမည်ဖြစ်ကြောင်း၊FDA အနေဖြင့် နမူနာဆန်အိတ်ပေါင်း ၁၀၀ ကျော်ကို စစ်ဆေးစမ်းသပ်ခဲ့ကြောင်း၊ရရှိ သည့် အဖြေများအရ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေခြင်းမရှိပါ ကြောင်း၊FFC ၏ ထုတ်ပြန်ချက်ထက် တစ်ရက်စော၍ ဆီးနိတ်ကော်မတီ ရှေ့ တွင် ထုပ်ပိုးထားသောဆန်များသည် ပြည်သူများ၏ကျန်းမာရေးအတွက် စိတ်ချရမှုရှိပါကြောင်း ထိုင်းနိုင်ငံ အစား အစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဌာန(FDA) မှ ဒုတိယအထွေထွေ အတွင်းရေးမှူးဖြစ်သူ Ms. Srinuan က သက်သေခံပြောကြားခဲ့သည်။မယ်သီတာ
