Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ အိန္ဒိယအဆွဲအေးလို့ ဈေးဆက် ကျလာ

Tue, 08/06/2013 - 12:43 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကိုအိန္ဒိယ ဝယ်လက်တွေက အိန္ဒိယဘက်မှာ မတ်ပဲသစ်တွေမကြာမီထွက်ရှိ တော့ မှာဖြစ်လို့ အဝယ်အေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ လှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်များရှိနေပေမယ့် ဒီတစ်ပတ် မှာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဝယ်လိုအား နည်းနေလို့ အခုလိုဈေးတွေကျဆင်းနေတာလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၅၇၀၀၀ ကျပ်မှ အ မြင့်ဆုံး ၄၆၉၀၀၀ ကျပ်အတွင်း တန် ၁၈၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီအနေနဲ့ အိန္ဒိယအဆွဲမရှိသလောက် ဖြစ်နေပြီး ပြည်တွင်းကုန်သည်အချင်းချင်းက လှည့်ပတ်အရောင်းအ ဝယ်ဖြစ်နေတဲ့ အနေအထားပဲရှိတယ်။ ငုံနီအနေနဲ့ ပြည်ပမဆွဲလို့ လှောင်လက်တွေလည်း ငြိမ်နေပြီး ကျဈေးဆက်တိုက်ဖြစ်ပေါ်ခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို ၅၄၁၀၀၀ ကျပ်ဈေးနဲ့ တစ်ပတ်လုံးမှ တန် ၁၁၅ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။