Main menu

Background

မကွေးဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီအရောင်းအဝယ်ပါးပြီး နှမ်းမျိုးစုံ (အသစ်)တွေ ဈေးကွက်ထဲဝင်လာ

Tue, 08/06/2013 - 12:43 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးအလိုက်ဝယ်အားရှိနေတယ်လို့ ဆိုပါ တယ်။တချို့ကုန်သည်တွေကလည်းကြိုက်ဈေးမရလို့ အရောင်းနည်း နေသလို ဝယ်လက် တွေကလည်း အရည်အသွေး ကောင်းတွေကိုပဲ ဈေးပေးအဝယ်ရှိတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေနည်း နေတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၁၁၈၅ ကျပ်(တစ်တန်ကို ၇၂၅၆၈၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန်အဆွဲအေးနေလို့ ဈေးဆက်လက်ကျဆင်း ပြီး အရောင်းအဝယ်လည်းပါးခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံ ကတော့ ဈေးကွက်ထဲစတင်ဝင်ရောက်နေပြီး ရန်ကုန်-မန္တလေးဝယ် လက်နဲ့ ဒေသတွင်းဆီစက်တွေ ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ နှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီတစ်ပိဿာ ၂၂၉၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၈၇၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၀၂၅ ကျပ်၊ နှမ်းညိုကြား တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။