Main menu

Background

ပြည်ဈေးကွက်မှာ ပဲတီစိမ်းသစ်တွေဝင်ရောက်၊ ပဲစင်းငုံနီအရောင်းအဝယ်အေး၊ ကုလားပဲပုံမှန်အရောင်းအဝယ်ဖြစ်

Tue, 08/06/2013 - 12:46 -- ydnar

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းအသစ်တွေပြည်အနီးတစ် ဝိုက်မှ ဝင်ရောက်မှုတွေရှိသလို မန္တလေးဝယ်လက်ကလည်း ပဲထွက် ရှိတဲ့ မြို့တွေရဲ့ ပဲအရည်အသွေးအလိုက် ဈေးပေးအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၂၅ ကျပ် (တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီအနေနဲ့ လှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်အထိုက်အလျောက်ရှိပေမယ့် အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ်အေးတာ ကြောင့် ဈေးကျလာပြီး တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၁၀၀၀ သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်သို့ ဝင်ရောက်မှုနည်းပေမယ့် ဒေသတွင်းပဲခွဲစက်တွေကတော့ တစ်ပိဿာ ကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၂၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။