ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းသေး အရောင်းအဝယ် အေးပြီး ပဲစင်းငုံနီကိုတော့ ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ် အထိုက်အလျောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ပဲစင်းငုံနီကို လှောင်လက် တချို့က ဈေး ကောင်းရမယ်အထင်နဲ့ ဝယ်ယူသိုလှောင်ထားရာမှ အိန္ဒိယဘက်က ဝယ်လိုအားဆက်တိုက်အေးတာကြောင့် ပဲဈေးတွေ တောက်လျောက် ဈေးကျဆင်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၅ ကျပ်(တစ်တန်ကို ၅၂၃၅၉၃ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၁၈၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background