Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်အဆွဲပုံမှန်ရှိလို့ ဈေးစွာ၊ ပဲစင်းငုံ နီက အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်

Tue, 08/06/2013 - 12:49 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ်အဆွဲ ပုံမှန်ရှိပေမယ့် မြို့ခံပဲခွဲစက်တွေနဲ့ ပဲသန့်စင်စက်တွေက အဝယ်ပါး နေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိလို့ ဈေးအနည်းငယ် တက်လာတာလို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၁၃၅၁ ကျပ်(တစ်တန်ကို ၈၂၇၃၃၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာ အိန္ဒိယအတွက်ဝယ်ယူနေတဲ့ ရန်ကုန် ဝယ်လက်က ဝယ်လိုအားအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲအနေနဲ့က ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေကလည်း ဝယ်လိုအားလျော့သွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၆၇ ကျပ်(တစ်တန်ကို ၄၀၈၄၆၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။