Main menu

Background

မူဆယ်နယ်စပ်ကုန်စည်သတင်း

Tue, 08/06/2013 - 12:56 -- ydnar

မုံရွာ၊ မန္တလေး၊ လားရှိုးမြို့များကို ဖြတ်ပြီးမူဆယ်၁၀၅ မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ တရုတ်နိုင်ငံသို့တင်ပို့ခဲ့တဲ့ကုန်စည်တွေ ကတော့ ပြောင်းဖူးစေ့ ၁၅၈၉ စီး ၃၅၁၇၁ တန်၊  နာနတ်သီး ၈၆ စီး ၇၇၆ တန်၊ သခွားမွှေး ၅ စီး ၃၆ တန်၊ နှမ်းဖြူ ၁၅၉ စီး ၃၇၇၁ တန်၊ နှမ်းညို ၁၂၂ စီး ၂၉၀၄ တန်၊ နှမ်းနက် ၁၂၆  စီး ၃၂၉၅ တန်၊ နှံစားပြောင်း ၃၂ စီး ၇၀၅ တန်၊ ကောက်ညှင်းဆန် ၃၅ စီး  ၆၂၆ တန်၊

ဆန်ကွဲ ၅၄၁ စီး ၁၁၂၅၉ တန်၊ ရော်ဘာ အစီး ၆၀ ၁၀၇၂ တန်၊ ပဲတီစိမ်း  ၁၀၉၇ စီး ၂၃၄၆၇ တန်၊ ပဲယင်း  ၁၆ စီး ၃၄၁ တန်၊ ပဲလွန်းဖြူ  ၁၁ စီး ၂၀၉ တန်၊ ပဲကြီး  ၁၆ စီး ၃၀၉ တန်၊ မတ်ပဲ ၈ စီး ၁၆၁ တန်၊ ကြက်သွန်နီ  ၁၂၂ စီး ၁၈၉၆ တန်၊ သကြား  ၁၈၈ စီး ၄၃၃၇ တန်၊ မြေပဲဆံ ၁၅၅ စီး ၂၉၆၁ တန်၊ နနွင်းတက်  ၂၉ စီး  ၅၉၂ တန်နဲ့ဝဥခြောက်၊ သရက်ပြား ခြောက်၊ ပြောင်းကြိတ်ဖတ်တို့ဖြစ် ပါတယ်။ သွင်းကုန်ပိုင်းမှာ ဘိလပ်မြေ ၃၂၁၅ တန်ကို ကား ၁၃၂ စီး၊ အချိုမှုန့် ၁၅၃၀ တန်ကို ကား ၅၅ စီး၊ ဆိုင်ကယ် အသစ်နဲ့သုံးဘီးဆိုင်ကယ် ၃၅၇၂၀ စီးကို ကား အစီး ၄၀၀၊ စက်ဘီး ၁၇၈၉၂ စီးကိုကား ၂၇ စီး၊ နေကြာစေ့ ၁၆၉ တန်ကို ကား ၁၃ စီး၊ ဂျုံမှုန့် ၂၁၉ တန်ကို ကား ၁၆ စီး၊  ချည်ထုပ်နဲ့ဖယောင်း ၅၂၁ တန်ကို ကား ၄၁ စီး၊ ပန်းသီး၊ ပန်းသစ် တော်သီးနဲ့ လိမ္မော်သီး ၁၆၇၁ တန်ကို ကား ၁၉၄ စီးတို့အပြင် အလျူမီနီယမ်၊ ကြွေပြား၊ သံပြား၊ ကြိတ်သားပြား၊ နန်းကြိုးခွေ၊ စာရေးစက္ကူ၊ သံပိုက်၊ မီးခံမှုန့်၊ ဆေးပစ္စည်းနဲ့ဖန်ခွက်စသည့် ပစ္စည်းများကိုလည်း တင်သွင်းမှုရှိခဲ့ တယ်လို့ သိရပါတယ်။မော်မော်အောင် DCCA (MIRT)