Main menu

Background

မြိတ်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ရေထွက် ၁၃၂၄ တန်ကျော် တင်ပို့

Tue, 08/06/2013 - 12:57 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန် ဒေါ်လာ ၁ ဒသမ ၄၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၃၂၄ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ် ပါက ၃၅ တန်နီးပါးလျော့နည်း တင်ပို့ခဲ့ ပါတယ်။

ယခုအပတ်တွင် ငါးမျိုးစုံ ၁၂၈၀ တန်နီးပါး၊ ရေငန်ပုစွန် ၁၇ တန်ကျော်၊ သဲကဏန်း ၁ တန်ကျော်၊ ကဏန်း သေး (အသေ) ၂၄ တန်နီးပါး၊ ရွှံ့ကဏန်း ၂ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့ခဲ့သော ကဏန်း၊ ကင်းမွန်၊ ကဏန်းပျော့၊ငါးအသားလွှာ များ ယခုအပတ်တွင်တင်ပို့နိုင်ခြင်းမရှိ၍ လည်းကောင်း၊ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပင်လယ်ပြင်တွင် ဒီရေများတက်ပြီး ငါးဖမ်းလှေ ထွက် ရှိမှုနည်းပါးခြင်းကြောင့် လည်းကောင်း တင်ပို့မှုလျော့နည်းခဲ့ရတယ်လို့ သိရပါ တယ်။  ခင်မြနွယ် MIRT ( DCCA)