Main menu

Background

တန်ချိန် ၁၂၀၀၀ ကျော် တင်ပို့နိုင်တဲ့ မြန်မာ့ပြောင်း

Tue, 08/06/2013 - 12:59 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးမှ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ပြောင်း ၉၂၇၃ တန်ကျော်၊ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၉၄၁ သန်းတန်ဖိုးရှိ ပြောင်း ၂၉၄၀ တန်ကျော်နဲ့ လွယ်ဂျယ်ကူးသန်းရောင်း ဝယ်ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်းတန်ဖိုးရှိ ပြောင်း ၅၃၆ တန် ကျော်ကို အသီးသီးတင်ပို့ခဲ့ပါတယ်။

ယခင်အပတ်က မူဆယ်မှ ၉၄၆၇ တန်၊ ချင်း ရွှေဟော်မှ ၂၂၄၀ တန်နဲ့လွယ်ဂျယ်မှ ၂၅၉ တန်တင်ပို့ခဲ့တာမို့ ယခုအပတ် ပြောင်း တင်ပို့မှု ၇၈၃ တန်ကျော်ပိုမိုခဲ့ပါတယ်။ ပြောင်းကို မန္တလေး-မူဆယ်ကနေ ဝါဆို လလယ် ရောက်တာနဲ့ ပြောင်းဖူးဝယ်လက်တွေ ကဝယ်နေပါပြီး၊ ယခုနှစ်မှာတော့ ရာသီဥတုပြောင်းလဲမှုများတာကြောင့်  မိုးနည်းကာစိုက်ပျိုးမှု လည်းနည်းလာတယ်လို့ ပြောင်းစိုက်တောင်သူတစ်ဦးကပြောပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း နယ်စပ် စခန်းအသီးသီးမှတင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်ပေါင်း ၄၃၂၀၀ ကျော်ရှိပါတယ်။ နှစ်နိုင်ငံ ပြောင်းဈေးများကိုကြည့်လျှင် ယခင်အပတ်ထက်အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ် -
 
ပြောင်း
မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု            ယခင်     ပြောင်းလဲမှု      %     ယခု    ယခင်    ပြောင်းလဲမှု    % ၃၄၈၁၁၈    ၃၄၇၇၈၈    ၃၃၀             ၁     ၃၆၇      ၃၆၆         ၁           ၀ .၃မော်မော်အောင်၊MIRT (DCCA)