Main menu

Background

ရေသွင်းပြောင်းသစ်များ တောင်ကြီးဈေးကွက်ကို ဝင်လာ

Tue, 08/06/2013 - 12:59 -- ydnar

တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်က စိုက်တဲ့ ရေသွင်းပြောင်းေ တွတောင်ကြီး ဈေးကွက်နဲ့ အောင်ပန်းဈေးကွက်ကိုဝင်လာပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃၀၀၀ ခန့်သာအဝင်ရှိနေပါသေးတယ်

။ပေါ်ကာစမှာ အစို ဓာတ်တွေကလည်းများနေတော့ အရောင်းအဝယ်ကတော့ သိပ်မဖြစ်သေးပါဘူး။ လက်ကျန် ပြောင်းတွေလည်း တောင်နီ၊ ရပ်စောက်ဘက်မှာ တန်ချိန် ၂၅၀၀ ခန့်ကျန် နေသေးတယ်လို့လည်း သိရပါတယ်။ မိုးပြောင်းတွေကတော့ ၉ လပိုင်း ၁၀ လပိုင်း လောက်မှသာ စပြီးထွက်လာမှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ရန်ကုန်၊ မန္တလေးဝယ်လက်တွေက ဝယ်ယူနေတုံးပဲလို့လည်း သိရပါတယ်။ အစာစပ်တွေ ကတော့ ဈေးမြင့်လာတာကြောင့် အဝယ်နားသွားပြီး၊ တိရစ္ဆာန်အစာကိုလည်း ဈေး သိပ်မမြင့်တဲ့ ဆန်ကွဲနဲ့သာရောပြီးကျွေးတော့တယ်လို့ သိရပါတယ်။ အစာစပ် စက်ရုံတွေက ဒီနှစ်တော့ အဝယ်နားသွားပြီး၊ နောက်နှစ်မှသာ ပုံမှန်အတိုင်း ပြန် ဝယ်ယူတော့မယ်လို့လည်း CP ကုမ္ပဏီက တာဝန်ရှိသူတွေထံက သိရပါတယ်။ ပြောင်းဟောင်းကတော့ တစ်ပိဿာကို ၄၈၅ ကျပ် - ၄၉၀ ကျပ်ဈေးရှိပြီး၊ ရေသွင်း ပြောင်းကတော့ တစ်ပိဿာ ၄၂၀ ကျပ်ဈေးသာ ရှိပါတယ်။ ဧဧခိုင် - တောင်ကြီး