Main menu

Background

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင်လအတွင်း ရော်ဘာတန် ၉၀၀ ကျော် တင်ပို့

Tue, 08/06/2013 - 13:37 -- ydnar

ဇူလိုင်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ ၉၃၈ တန်ခန့်ကို တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဒသမ ၀၆၅ သန်းဖိုးရရှိခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူနိုင်ငံကို တန် ၃၈၀ ခန့်၊ တရုတ်နိုင်ငံကို ၃၆ တန်၊  မလေးရှား နိုင်ငံကို ၅၀၂ တန်ခန့်နဲ့ ပါကစ္စတန်နိုင်ငံကို တန် ၂၀ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ဇွန်လနဲ့နှိုင်းယှဉ်ပါက တန်ချိန် ၄၀၀ ကျော် လျော့နည်းခဲ့ပါတယ်။

နယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ဇူလိုင်လအတွင်း ရော်ဘာတန်ချိန် ၃၄၄၀ ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၇ ဒသမ ၉၂၇ သန်းဖိုးရရှိခဲ့ပြီး ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်ကာလအတွင်းမှာတင်ပို့မှုမရှိခဲ့ပါဘူး။ ယခုအပတ်နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ ယခင်အပတ်ထက်တစ်တန်လျှင် ဒေါ်လာ ၅၀ ကျော် ကျဆင်းလာပါ တယ်။ ပြည်ပပို့မဲ့ FOB ရော်ဘာဈေးနှုန်းမှာလည်း ယခင်အပတ်ထက်ဒေါ်လာ ၅၀ ဈေးကျ၍ RSS 1 တစ်တန်လျှင် ဒေါ်လာ၂၃၀၀-၂၄၀၀၊RSS 3 နဲ့ MSR 20 တစ်တန်လျှင်ဒေါ်လာ၂၂၅၀-၂၃၅၀၊ RSS 5  နဲ့ MSR 50 တစ်တန်လျှင် ဒေါ်လာ၂၁၀၀-၂၂၀၀ ၊MSR 10   တစ်တန်လျှင် ဒေါ်လာ၂၂၅၀-၂၃၅၀၊Creep Rubber  တစ်တန်လျှင်ဒေါ်လာ ၂၀၀၀-၂၁၀၀ ဈေးပေါက်ကြောင်းဖြစ် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး (DCCA)