Main menu

Background

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် မူဆယ်လမ်းကြောင်းတစ်ကြောင်းသာ အားထားနေရခြင်းကြောင့် ခရီးသည်ရရှိမှုနည်း၊ မြဝတီလမ်းကြောင်း ချောမွေ့ပါက ကားလိုင်းများ ပြောင်းပြီးပြေးဆွဲရန် အစီအစဉ်ရှိ

Tue, 08/06/2013 - 14:11 -- ydnar

နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း တွင် မူဆယ်လမ်းကြောင်းတစ်ကြောင်း သာအားထားနေရခြင်းကြောင့်လိုင်းပြေး ဆွဲသည့်ကားများနှင့်ခရီးသည်ရရှိမှုနည်း နေကြောင်းရွှေလီဦးခရီးသည် ပို့ဆောင် ရေး မှသိရပါတယ်။

ကားဈေးနှုန်းကျဆင်း လာခြင်းကြောင့် ယာဉ်လိုင်းသို့ဝင်၍ ကားလေးပြေးဆွဲမှုများလာခြင်း၊ တရုတ် ငွေဈေး မြင့်နေခြင်းကြောင့် တစ်ပိုင် တစ်နိုင်ကုန်သည်များကုန်ဝယ်မှုနည်းလာ ခြင်းကြောင့် ခရီးသည်ရရှိမှုနည်းခြင်း ဖြစ်ကြောင်း၊ထိုင်းနိုင်ငံနဲ့ဆက်သွယ်သွား လာနိုင်တဲ့ မြဝတီလမ်းကြောင်း ချောမွေ့ ပါကယာဉ်လိုင်းများအဆင်ပြေနိုင်ကြောင်း၊ ယာဉ်မောင်းအချို့ ကပြောပါတယ်။ “အရင်တုန်းက မူဆယ်လမ်းကို လမ်းမ ကောင်းလို့မတက်ကြဘူး၊ခုလမ်းကောင်း သွားတော့အိမ်စီးကား ကလည်း ဈေးကျ နေတော့ကိုယ်ပိုင်ယာဉ်တွေတက်တာများ လာတယ်။ ယာဉ်လိုင်းကလည်း အရင် က ၁၀ လိုင်း ၁၅ လိုင်းဝန်းကျင် ကနေ လိုင်း ၃၀ ကျော်လောက်ဖြစ်လာတယ်။ ယာဉ်များလာတော့အရင်ကတစ်လကို ၆ ခေါက်၊ ၇ ခေါက်သွားရရင်အခု ၄ ခေါက်လောက်ပဲသွားရတယ်။ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ မူဆယ် လမ်းဘဲ အားကိုးပြီး ပြေးဆွဲနေရတာ၊ အိန္ဒိယပစ္စည်းကို စစ်ကိုင်း၊ မုံရွာ၊ ကလေး လောက်ပဲအသုံးများတာဖြစ်တဲ့အတွက် လမ်းမကောင်းလဲကိစ္စမရှိဘူး။ပြည်တွင်း မှာ တရုတ်နဲ့ ယိုးဒယားပစ္စည်းကို အများဆုံးသုံးနေရတော့ယိုးဒယားလမ်း သာချောမွေ့ရင်တရုတ်ကုန်ပစ္စည်းကိုလည်း ယှဉ်နိုင်သလို ယာဉ်ပြေးဆွဲရတာလည်း အဆင်ပြေနိုင်တယ်”လို့ ပြောပါတယ်။ ယခုကာလဟာ မိုးတွင်းကာလဖြစ်လို့ မြဝတီလမ်းကြောင်းကိုကားကြီးပြေးဆွဲမှု ရပ်ထားရပြီးကားလေးအချို့သာပြေးဆွဲ မှုရှိကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး