ဘရူးနိုင်းက လယ်ယာစိုက်ပျိုးရေးကို စဉ်းစားလာ

ရေနံအပေါ်သာမှီခိုနေရတဲ့ စီးပွား ရေးကို ပြောင်းလဲပစ်ဖို့ စဉ်းစားရာမှာ လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို စဉ်းစား လာကြောင်း ဖရီးမလေးရှား ကူဒေး သတင်းမှာ ဖော်ပြထားပါတယ်။

ဘရူးနိုင်းနိုင်ငံမှာ လယ်ယာစိုက် ပျိုးရေးကဏ္ဍရဲ့ ပါဝင်မှုက စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုရဲ့ သုံးရာခိုင်နှုန်း ပင် မပြည့်ချင်ပါဘူး။ ဘရူနိုင်းကသူ နိုင်ငံရဲ့ စားနပ်ရိက္ခာ ၈၀ ရာခိုင်နှုန်းကို ပြည်ပတင်သွင်းယူပါတယ်။ ဘရူးနိုင်း နိုင်ငံမှာ မြေသြဇာကြွယ်ဝတဲ့မြေတွေ အများကြီးရှိပေမဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူက နှစ်ရာခိုင်နှုန်းသာရှိပါ တယ်။ နိုင်ငံရဲ့အသားလိုအပ်ချက် အတွက် သြစတြေးလျမှာရှိတဲ့ ကိုယ်ပိုင် မွေးမြူး ရေးခြံတွေက ရပါတယ်။ မြေ အကျယ် အဝန်းက ဟက်တာ ၅၈၈၀၀၀ နီးပါးရှိ တဲ့အတွက်ဘရူးနိုင်းထက်ပင် ကျယ်ဝန်း နေပါတယ်။ ကြက်သားနဲ့ ကြက်ဥ အတွက် ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး ကျန်စားနပ်ရိက္ခာကိုပြည်ပကတင်သွင်း ရပါတယ်။ နိုင်ငံစီးပွားရေးကို အမျိုး မျိုးဖြန့်ကျက်ထားဖို့အတွက် လယ်ယာ စိုက်ပျိုးရေးနဲ့ သားငါးကဏ္ဍကို ဦးစား ပေးထားပါတယ်။ မွေးမြူးရေး လုပ်ငန်းအတွက် သြစတြေးလျကတင်သွင်းနေတာကို လျှော့ချဖို့အတွက် မွေးမြူးရေး အတွက် ဟက်တာ ၁၀၀၀ အသုံးပြုဖို့ အစိုးရက မတ်လက ကြေညာခဲ့ပါတယ်။ ဒီမြေက တိရစ္ဆာန် မွေးမြူးရေးကို  ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့ ပြင်ဆန်စပါးပိုမိုထုတ်လုပ်ဖို့နဲ့ သွင်းကုန် ကိုမှီခိုမှုလျှော့ချဖို့အတွက် မျိုးစပ်စပါး စိုက်ပျိုးတာလို ခေတ်မီနည်းပညာနဲ့ တီ ထွင်မှုတွေကို တောင်သူတွေ တတ် မြောက်အောင် သင်ပေးဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ဆန်စပါး အသစ်တွေကို အပြည်ပြည်ဆိုင်ရာဈေး ကွက်ထဲပို့နိုင်ဖို့လည်း ကြိုးစားလျက်ရှိ ပါတယ်။ ဒီကိစ္စကို ဆောင်ရွက်နိုင်ဖို့ အတွက် ဘရူးနိုင်းက အာဆီယံ အိမ်နီး ချင်းတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ထိုင်းတို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အပြင် ဗီယက်နမ်နဲ့ တရုတ်တို့နဲ့လည်း ဆောင် ရွက်ဖို့ ပြင်ဆင်နေပါတယ်။ဉာဏ်တင်